ကျောက်မဲမှ အမျိုးသမီးတစ်ဦးအား မလေးရှားသို့ လူကုန်ကူးခဲ့သည့် အမျိုးသမီး တာချီလိတ်တွင် ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ အမျိုးသမီးတစ်ဦးအား မလေးရှားနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် စေခိုင်းသည်ဟု အမှုဖွင့်ခံထားရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ဇူလိုင်လ (၂၈)ရက်နေ့က ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် နယ်စပ်ယာယီဖြတ်သန်းခွင့်လက်မှတ် လာရောက် လုပ်ဆောင်သည့် ကျောက်မဲမြို့မရဲစခန်းမှ အလိုရှိနေသူတစ်ဦးဖြစ်သည့် မအေးနောင့်အား ဇူလိုင်လ (၂၈)ရက်နေ့ နေ့လယ် (၂)နာရီ (၂၀)မိနစ်ခန့်တွင် လူဝင်မှုကြီးကြပ်ရေးဌာနက ၎င်းတို့အားဖြန့်ဝေထားသည့် သတင်းအရ ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ဖမ်းဆီးရမိသည့် မအေးနောင့်အား တာချီလိတ်ခရိုင်လ၀ကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(၆) တာချီလိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းတို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး ဦးစီးတပ်ဖွဲ့ဝင်များထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့မှ အမျိုးသမီးတစ်ဦးအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၁၂၄/၁၇ လကက ၂၄ ဖြင့်အမှုဖွင့်လှစ်ခံထားရသည့် အသက် (၃၇)နှစ်အရွယ် မခင်ဆွေ (ခ) နန်းအေးယိင်း နှင့် အသက် (၂၉)နှစ်အရွယ် အေးတာလမ်(ခ) အေးနောင့် (ခ) မစန္ဒာတို့အား ဖမ်းဆီးပေးရန် လူကုန်တားတပ်ဖွဲ့စု(၁၆)လားရှိုးက ဆက်သွယ် အကြောင်းကြားချက် အရ တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများသို့ သတင်းဖြန့်ဝေခြင်း၊ နယ်မြေအတွင်း စောင့်ကြည့်စုံစမ်းခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မအေးနောင့်အား တာချီလိတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ကျောက်မဲမြို့မ ရဲစခန်းသို့ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net
ကျောက်မဲမှ အမျိုးသမီးတစ်ဦးအား မလေးရှားသို့ လူကုန်ကူးခဲ့သည့် အမျိုးသမီး တာချီလိတ်တွင် ဖမ်းဆီးရမိ ကျောက်မဲမှ အမျိုးသမီးတစ်ဦးအား မလေးရှားသို့ လူကုန်ကူးခဲ့သည့် အမျိုးသမီး တာချီလိတ်တွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:02 Rating: 5
Powered by Blogger.