တာချီလိတ် ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့နယ် မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီက ကျားအသေ တစ်ကောင် သယ်ဆောင်လာသူများ ကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရ သည်။
''သစ်တောဦးစီးဌာနအနေနဲ့ ကျား ဆိုတဲ့ မျိုးစိတ်က လုံးဝကာကွယ် ထားတဲ့ တိရစ္ဆာန်မျိုးဖြစ်တဲ့အတွက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇ အရ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်တွေကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်တာတို့၊ အမဲလိုက်တာတို့၊ ဒါမှမဟုတ် အနာတရဖြစ်စေခြင်း၊ တောရိုင်းတိရစ္ဆာန်တွေကို ဖြစ်စေ၊ ၎င်းရဲ့အစိတ်အပိုင်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားတာ တို့၊ သယ်ဆောင်တာတို့၊ ရောင်းချတာ တို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့က ဥပဒေ ပုဒ်မ ၃၇ အရ တရားရုံးမှာ အရေးယူဆောင်ရွက်သွားမှာပါ'' ဟု ခရိုင်သစ်တောဦးစီးအရာရှိ လက် ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။
ဇူလိုင် ၉ ရက်က သစ်တောဦးစီး ဌာနမှ တောအုပ်ကြီး အောင်မိုးနှင့် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျ ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ ကုန်စည်များအခွန် ဆောင် ဖြတ်သန်းသွားလာမှု၊ တရား မဝင်ဖြတ်သန်းသွားလာမှုများကို စစ်ဆေးဆောင်ရွက်နေစဉ် တာချီ လိတ်မြို့မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း ဦးစိုင်းနွဲ့ (၅၉ နှစ်)မောင်းနှင်ပြီး ဦးငြိမ်းချမ်း (၂၇)နှစ်တို့ လိုက်ပါလာသည့် ပရိုဘောက်စ်ယာဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ် နောက်ခန်းအတွင်း ပလတ်စတစ်အိတ် အပြာရောင်ဖြင့် ထည့်လျက်ရေခဲများ စိမ်၍ သယ်ဆောင်လာသော ကျား အသေတစ်ကောင်ကို ရှာဖွေ တွေ့ရှိခဲ့သည်။
ဖမ်းဆီးရမိသော ကျားသေကို မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ သယ်ဆောင်၍ စစ်ဆေးရာ အလေးချိန် ၁၂၅ ကီလို၊ လုံးပတ် သုံး ပေ ၁ဝ လက်မ၊ အမြင့် ပျမ်းမျှ နှစ် ပေ လေးလက်မ၊ ခေါင်းမှ အမြီးထိ ရှစ် ပေ ရှစ်လက်မခန့်နှင့် ဝမ်းဗိုက်အတွင်း ကလီစာများ ထုတ်ထားသည့် ကျားအထီး တစ်ကောင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ကျားသေ သယ်ဆောင် လာသူ ပိုင်ရှင် ဦးငြိမ်းချမ်း (၂၇) နှစ် စိုက်ပျိုးရေးရွာ နောင့်ကုံးအုပ်စု ကျိုင်းတုံမြို့နေသူနှင့် ယာဉ်မောင်း ဦးစိုင်းနွဲ့ (၅၉) နှစ် ကတ်တောင်ရပ် ကျိုင်းတုံမြို့နေသူ နှစ်ဦးကို တော ရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ ကျားသေ သယ်ဆောင်လာသူများကို အမှုဖွင့်
Reviewed by THITHTOOLWIN
on
09:12
Rating:
