နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁၃၂၄၃ ဒသမ ၃၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၃၀

ဇူလိုင် ၂၉ ရက်နေ့ ၁၅၀၀ အချိန်က မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ် - မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်တွင် ကျော်ဌေး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရှာဖွေရာ  ငွေကျပ် ၁၃၂၄၃ ဒသမ ၃၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရပါသည်။

ယာဉ်နောက်ဖုံး တံခါးအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆၅၀၀ ပြား၊ ယာဉ်နောက်ပိုင်း ဝဲဘက်ဘေးခြမ်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀၀ ပြား၊ ယာဉ်နောက်ခန်း ဝဲဘက်တံခါး အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀ ပြား၊ ယာဉ်ရှေ့ခန်း ဝဲဘက်တံခါး အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀ ပြား၊ ယာဉ်ရှေ့ခန်း ယာဘက်တံခါး အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၉၂၅၀ ပြား၊ ယာဉ်ရှေ့ယာဘက် အချက်ပြမီး နောက်ပါးခြမ်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၆၈၀၀ ပြား၊ ယာဉ်ရှေ့ ဝဲဘက်အချက်ပြမီး နောက်ပါးခြမ်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇၀၂၀၀ ပြား ဆီတိုင်ကီ အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၄၇၅၀ ပြား၊ (စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၆၅၇၁၅၀ ပြား) ယာဉ်နောက်ပိုင်း ယာဘက်ဘေးခြမ်း အံဝှက်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၅၂၈ ကီလို၊ ယာဉ်၏ဒက်ရှ်ဘုတ်ပေါ်ရှိ လက်ကိုင်အိတ်အတွင်းမှ လက်ကိုင်ဖုန်း တစ်လုံးနှင့် မြန်မာငွေ ၃ သိန်းကျပ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဌေး(၅၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁၃၂၄၃ ဒသမ ၃၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁၃၂၄၃ ဒသမ ၃၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.