အမေရိကန်တွင် ထွက်ပြေးခိုလှုံနေသည့် သံဃာတပါးအား ထိုင်းအစိုးထံ ပြန်လည်လွဲပြောင်းပေး


အမှုငါးမှုနဲ့  ထိုင်းနိုင်ငံက အလိုရှိနေသူ Nenkham အဖိုးနင်ခံ လို့  လူသိများ ကျော်ဇော ခဲ့သူ စီစကက်ပြည်နယ် ကျောင်းထိုင် သံဃာ ဟာ အမေရိကန်နိုင်ငံကို ထွက်ပြေးပြီး လေးနှစ်ကျော် အကြာ ၂၀-၇-၂၀၁၇ ည ၁၀နာရီက ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ဘို့  ဘန်ကောက်မြို့ ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။

နင်ခံဟာ ရဟန္တာတပါး ပြန်ဝင်စားခဲ့သူ-နဂါးမင်းကို တွေ့ နိုင်သူလို့  နာမည်ကြီးရာက ယုံကြည်ကိုးကွယ်သူတွေ များလာခဲ့ပါတယ်။ ဒကာဒကာမတွေရဲ့  အလှူငွေတွေကို ကိုယ်ပိုင်ငွေကြေးအဖြစ်သုံးစွဲ နေခဲ့ပါတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်စီးပြီး အပေါင်းအပါသံဃာတွေနဲ့  ခရီးသွားနေတာ -အဖိုးတန် ကိုယ်ပိုင်ကားအစီးပေါင်း (၆၀) နေအိမ်ပေါင်းများစွာ ၀ယ်ထားခဲ့တာကို ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြခဲ့ပြီးတဲ့ပိုင်း နောက်ဆက်တွဲ အမှုတွေ ဆက်တိုက်ပေါ်လာခဲ့လို့  နိုင်ငံတော် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ကိုင်တွယ်စစ်ဆေးခဲ့ရပါတယ်။

နင်ခံရဲ့ အရူပ်တော်ပုံတွေ ဆက်တိုက်ပေါ်လာခဲ့ရာမှာ သူ့ ကိုယုံကြည်တဲ့ ဒကာမ တွေနဲ့  လိင်ဆက်ဆံနေခဲ့တာ ဟာ နောက်ဆုံး ၁၄ နှစ်သမီးလေးနဲ့ အတူနေရင်း ခလေးတယောက်ရှိနေတာပါပေါ်လာခဲ့ပါတယ်။

အာရှမှာ အဖိုးတန်ဆုံး ကျောက်စိမ်းစေတီတည်မယ်ဆိုပြီး အလှူခံခဲ့လို့ ရလာတဲ့ သန်းပေါင်းရာနဲ့ ချီတဲ့ ထိုင်းဘတ်ငွေ တွေကို အပျောက်ရှင်းခဲ့ပြီး သာမံကျောက်စိမ်းနဲ့  တန်ဘိုးနည်း စေတီသာတည်ခဲ့တာကို စစ်ဆေးတွေရှိခဲ့ပါတယ်။ ရလာတဲ့ အလှူငွေကို ဆွေးမျိုးတွေနံမည်နဲ့  ဘဏ်စာရင်းတွေဖွင်ပြီး အပိုင်းသိမ်းထားပါတယ်။ နင်ခံ အမေရိကာကို ထွက်ပြေးပြီး သူပိုင်ငွေ ဘတ်ငွေ သန်း (၄၀)-မာစီဒီး ကားအစီး (၆၀)နဲ့  အိမ်ခြံအားလုံးကို နိုင်ငံပိုင်သိမ်းယူလိုက်ပါပြီ။


နင်ခံကို အမေရိကန်အစိုးရက ကာကွယ်ပေးထားပြီး သူ့ ရဲ့  ကျော်ကြားမှုကို မနာလို လို့  အမှုဆင်တာ လို့  အကြောင်းပြပြီး နိင်ငံရေး ခိုလှုံခွင့်တောင်းနေသူပါ။ ထိုင်းအစိုးရက တရားခံကို လွဲပြောင်းပေးဘို့  အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အိုဘာမား အစိုးရလက်ထက်မှာ မအောင်မြင်ခဲ့ပါဘူး။ အစိုးရသစ်လက်ထက်မှာ ဒေါ်နယ်ထရန့် ရဲ့  ပေါ်လစီအသစ်နဲ့ ကြောင့် တရားခံပြေး နင်ခံကို (ကယ်လီဖိုးနီးယားပြည်နယ် လပ်ဗေကပ်စ် ရဲတွေက ဖမ်းဆီး ခဲ့ပြီး ကို ခုလို တရားခံကို ပြန်လွဲပေးဘို့  သဘောတူ ခဲ့တာဖြစ် တယ်လို့  လေ့လာသူတွေကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ဘန်ကောက်တရားရုံးမှာ နင်ခံကို အမှု ၅ မှုနဲ့  စတင် တရားစွဲမှာပါ။

Social Action for Children and Women - SAW
အမေရိကန်တွင် ထွက်ပြေးခိုလှုံနေသည့် သံဃာတပါးအား ထိုင်းအစိုးထံ ပြန်လည်လွဲပြောင်းပေး အမေရိကန်တွင် ထွက်ပြေးခိုလှုံနေသည့် သံဃာတပါးအား ထိုင်းအစိုးထံ ပြန်လည်လွဲပြောင်းပေး Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.