ရန်ကုန် ဇူလိုင် ၂ဝ
ဒလမြို့နယ်ရှိ ကမာကဆစ် ဈေးတွင် မုန့်ဖတ်၊ ပဲပြားနှင့်ပဲသွေး နမူနာတို့ကို ကောက်ယူခဲ့ပြီး ရွှေ့ လျားဓာတ်ခွဲယာဉ်ဖြင့် ချက်ချင်း စစ်ဆေးခဲ့ရာ ကောက်ယူခဲ့သော ပဲသွေးသုံးဆိုင်တွင် ဖော်မလင်တွေ့ ရှိရကြောင်းFDA မှသိရသည်။
အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်ရုံးမှ ဒလမြို့နယ်ရှိ ဆေးဆိုင်များ၊ မုန့် ဖတ်ဆိုင်များနှင့် ကမာကဆစ်ဈေး တွင် ဈေးကွက်နမူနာများကို ရွှေ့လျားဓာတ်ခွဲယာဉ် (Mobile lab van) ဖြင့် ဇူလိုင်လ ၁၈ ရက်က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ သည်။
ထိုသို့ စစ်ဆေးရာတွင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ ရန်ကုန်ရုံးအဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ ဝင်များ (မြို့နယ်ပြည်သူ့ကျန်းမာ၊ စည်ပင်ကျန်းမာ၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့)၊ စည်ပင်ဈေးများဌာနတို့ ဖြင့် ပူးပေါင်း၍လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖော်မလင်စစ်ဆေးတွေ့ရှိမှုတွင် ရောင်းချသူများကို ခံဝန်ထိုးစေခဲ့ ပြီး ပဲသွေးနမူနာများ ၆ဝဝခန့် ကိုသိမ်းဆည်း၍ စုပေါင်းဖျက်ဆီး ခဲ့သည်။FDA အနေဖြင့် ပဲသွေး ထုတ်လုပ်သည့်ပင်ရင်းလုပ်ငန်းများ ကိုလည်း ဆက်လက်ဖော်ထုတ် အ ရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ ထို့ပြင် အဆိုပါ နေ့၌ ဆေးဆိုင်များတွင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ မရှိကို လည်း စစ်ဆေးခဲ့သည်။
ဝဿန်
The Union Daily
https://www.facebook.com/uniondaily.net/
ဒလတွင် ပဲသွေးဆိုင်သုံးဆိုင်မှ ဖော်မလင်တွေ့ရှိ
Reviewed by THITHTOOLWIN
on
17:08
Rating:
