နေပြည်တော် ဇူလိုင် ၂၆
နေပြည်တော်လွှတ်တော် အဆောက် အအုံဝင်း ကြိုးတံတား(၁)နှင့် ကြိုး တံတား(၂)အကြားတွင် SMM ကုမ္ပဏီ မှ ဦးစိန်မြင့်မောင် ခေါင်းဆောင်သော သန့်ရှင်းရေးအဖွဲ့က ဇူလိုင်လ ၂၆ရက်နေ့ ညနေတွင် မြက်ပင်များနှင့် ကိုင်းတောများကို ရှင်းလင်းဆောင်ရွက်နေစဉ် အလျား ကိုးပေ လုံးပတ် ၁၁ လက်မခန့်ရှိ စပါး ကြီးမြွေတစ်ကောင်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ မြွေကြီးအား ကြိုးတံတား(၁)လုံခြုံရေးတာဝန် ကျ ရဲတပ်ရင်း(၁၈)မှ ရဲအုပ်တင်မောင် လတ်က ခေတ္တထိန်းသိမ်းထားရှိပြီး ဇူလိုင် ၂၇ ရက်တွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက် အပ်နှံမည်ဖြစ်ကြောင်း သိရသည်။
ကိုနိုင်ဝင်း(ကြိုးကြာကန်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဖမ်းမိစပါးကြီးမြွေကို တိရစ္ဆာန်ဥယျာဉ် နေပြည်တော်သို့ အပ်နှံမည်
Reviewed by THITHTOOLWIN
on
08:28
Rating:
