ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ အတွင်း ရေများဝင်ရောက်


ကျိုက်ထို ဇူလိုင် ၂၁

ကျိုက်ထိုမြို့နယ်တွင် ဇူလိုင်(၂၀)ရက်နေ့ ညမှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လျက် ရှိရာ ကော့စံနိုင်ရပ်ကွက် အေးရိပ်ငြိမ်တွင် အိမ်ခြေ (၄၂၆) လုံး၊ ဇေယျာမွန် ရပ်ကွက် တိုးချဲ့ကွက်သစ်တွင် အိမ်ခြေ (၈၆)လုံး ၊ မြောက်ပိုင်းရပ်ကွက် တိုးချဲ့ကွက်သစ်တွင် အိမ်ခြေ (၇၉) လုံး၊ တောင်သူစု ရပ်ကွက်တွင် အိမ်ခြေ (၃၇) လုံး၊ ဖက္ကလိပ်ကျေးရွာတွင် အိမ်ခြေ( ၆၀)လုံး၊ အိမ်ခြေစုစုပေါင်း ( ၆၈၈) လုံးအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါအိမ်များမှ လူဦးရေ ( ၃၀၄၆ ) ဦးတို့အား ကော့စံနိုင်ရပ်ကွက်တောရ ဘုန်းကြီးကျောင်း၊ ဇေယျာမွန်ရပ်ကွက် ဓမ္မာရုံ၊ ဖက္ကလိပ်ဘုန်းကြီးကျောင်း၊ ဖက္ကလိပ်ကိုးန၀င်းဓမ္မာရုံ၊ သမလ မူလတန်း ကျောင်းတို့တွင် ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ အတွင်း ရေများဝင်ရောက် ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ အတွင်း ရေများဝင်ရောက် Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.