![]() |
အမေရိကန် သံအမတ် နစ်ကီ ဟေလီ |
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဒီနေ့ ကမ္ဘာဟာ အန္တရယ်ကြီးလွန်းတဲ့ နေရာတခု ဖြစ်လာခဲ့ပါပြီလို့ နစ်ကီ ဟေလီက ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးအပေါ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှု လုပ်ခဲ့ပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်မှု မရှိတဲ့ အတွက် အရေးယူမှုတွေ ထပ်တိုး လုပ်သင့်တယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီးကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်လောက်စရာ မရှိဘူးလို့ ယူဆပေမယ့် ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကာ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့နည်းကို သုံးဖို့ ပန်ကြား ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု စစ်ရေး ပြိုင်ဆိုင်မှု ဖြစ်စေတယ်လို့ ကန်ပြော
Reviewed by THITHTOOLWIN
on
08:45
Rating:
