မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ထိန်ပင်ကန်ဆည် ကျိုးပေါက်


နတ်မောက် ဇူလိုင်၁၈

ကုလားရှင် ကျေးရွာ၏ အရှေ့တောင်ဘက်(၄) ဖာလုံခန့်အကွာ ကွင်းအမှတ်(၁၂၁၆)/ဃ ဆင်တင်းကုတ် မြောက်ကွင်းရှိ ထိန်ပင်ကန်ဆည် ၊တာဘောင်အရှည် ၇၀၀ ပေ၊ ရေဝပ်ဧရိယာ ( ၁၀) ဧက ခန့်သည် ၁၇.၇.၂၀၁၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၁၈.၇.၂၀၁၇ ရက်နေ့ နံနက်(၀၄း၀၀) နာရီတွင် ကျိုးပေါက်ခဲ့ပါသည်။


 ထိုဖြစ်စဉ်ကြောင့် နှမ်းစိုက်တောင်သူ ဦးကြည်ဆွေ၊ ဦးစံလှ ၊ ဦးတင်ငြိမ်းတို့၏ နှမ်းစိုက်ခင်း ၃ဧက ခန့် ရေလွှမ်းခံရကြောင်း ကုလားရှင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့သည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ထိန်ပင်ကန်ဆည် ကျိုးပေါက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ထိန်ပင်ကန်ဆည် ကျိုးပေါက် Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.