ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန် ဇူလိုင် ၃၁

ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ဇူလိုင်လ နံနက်(၁၀)နာရီ အချိန်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာဘက်မှ မောင်းနှင်လာသော Mazda Demio အမျိုးအစား Taxi -- ---- ကားသည် ခုံးပေါ်တွင် ဂငယ်ကွေ့ ကွေ့လိုက်ရာ တစ်ဖက်ယာဉ်ကြောမှ တက်လာသော YBS (36) 5N ----ယာဉ်နှင့် ဝင်တိုက်မိပြီး တက္ကစီယာဉ်မောင်း (စိုးရိမ်ရ)အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။


အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ယာဉ်မှုစစ်ဌာနမှ ရဲအုပ်ရဲမင်းထွန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.