စစစ ညွှန်ချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ( ကွယ်လွန် ) ရဲ့ သားမက်ဖြစ်သူကို အတည်ပြုခန့်အပ်


ပြည်ထဲရေးဝန်ကြီးဌာန ၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်ကို အတည်ပြုခန့်အပ်တယ်လို့ ဇူလိုင်လ ၈ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနစ် ဇူလိုင်လက အစမ်းခန့်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဦးမောင်မောင်ကျော်ဟာ ယခင် စစ်အစိုးရ လက်ထက်က အစိုးရရဲ့ အတွင်းရေးမှူး ( ၂) အဖြစ် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့ သားမက်တော်စပ်သူဖြစ်တယ်လို့ သိရပါတယ်။

ဦးမောင်မောင်ကျော်ရဲ့ ဇနီး ဒေါ်ချိုလဲ့ဦးဟာဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနေအိမ်သို့ပေးပို့သောပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ၁၉၉၆ ခုနစ်က ကွယ်လွန်ခဲ့ရပါတယ်။ တပ်မတော်မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်မောင်ကျော်ဟာ စစစ ဌာနမှာ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း
BBC Burmese
https://www.facebook.com/bbcburmese
စစစ ညွှန်ချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ( ကွယ်လွန် ) ရဲ့ သားမက်ဖြစ်သူကို အတည်ပြုခန့်အပ် စစစ ညွှန်ချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ( ကွယ်လွန် ) ရဲ့ သားမက်ဖြစ်သူကို အတည်ပြုခန့်အပ် Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.