ကလေးမြို့တွင် ခုနစ်တန်းကျောင်းသူတစ်ဦး အသတ်ခံရ


ကလေး၊ ဇူလိုင် ၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခုနစ်တန်းကျောင်းသူတစ်ဦး အသတ်ခံထားရပြီး ပုပ်ပွနေသည့် အလောင်းကို မြို့အဝင် ကလေး-ကလေးဝလမ်းဘေးတွင် ဇူလိုင် ၈ရက်နေ့က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။


ကားလမ်းနှင့် ကိုက် ၂၀၀ခန့်အကွာရှိ လယ်ကွင်းကိုင်းတောထဲတွင် အလောင်းကို တွေ့ရှိခဲ့ခြင်း သေဆုံးနေသူမှာ ပင်လုံရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်တွေ့ရှိရသည်ဟု ကလေးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါသေဆုံးနေသည့် ကျောင်းသူလေးမှာ ဇူလိုင်လ ၆ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး ကလေးမြို့မရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ထားသူ တစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရာခံအားဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

စည်သူထွန်း
ဓာတ်ပုံ-ချစ်ဇော်ဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
ကလေးမြို့တွင် ခုနစ်တန်းကျောင်းသူတစ်ဦး အသတ်ခံရ ကလေးမြို့တွင် ခုနစ်တန်းကျောင်းသူတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 15:43 Rating: 5
Powered by Blogger.