မြ၀တီ ဇူလိုင် ၉
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူနှစ်ဦးအား အမည်မသိအမျိုးသား နှစ်ဦးမှမြ၀တီဘက်ကမ်းတွင် စစ်တပ်မှ ဖုန်းတွေသိမ်းနေတယ်ဟုပြောကာ ဖုန်းနှင့်ပါလာသော ငွေတို့အား လိမ်လည်၍ ယူဆောင်သွားခဲ့မှုကို မြ၀တီလူမှုကွန်ယက်အဖွဲ့နှင့် တံတားလုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင် များပူးပေါင်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဇူလိုင် ၈ ရက် ညနေ ၄ နာရီ ၅၅ မိနစ် ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ၀င်ရောက်လာသော ချစ်ဝင်းဇော်သည် သူငယ်ချင်းများနှင့်အတူ ပြန်လာစဉ် ချစ်ကြည်ရေးတံတား (ထိုင်းဘက်ခြမ်း)တွင် အသက်(၂၀)ခန့် လူငယ်နှစ်ဦးမှမြ၀တီ ဘက်ကမ်းသို့ လိုက်ပို့ပေးမည်ဖြစ်ကြောင်းပြော၍ လိုက်ပါလာစဉ် ချစ်ဝင်းဇော်ပါလာသော ဖုန်းနှင့်ငွေတို့အား လိမ်လည်သွားသဖြင့် မြ၀တီလူမှုကွန်ယက်အဖွဲ့ သို့ အကူအညီတောင်းခံခဲ့သည်။
မြ၀တီလူမှုကွန်ယက်အဖွဲ့မှ တံတားတာဝန်ကျတပ်ဖွဲ့ဝင်များထံ ဆက်လက်အကြောင်းကြား၍ ပူးပေါင်းစုံစမ်း ခဲ့ရာဖုန်းနှင့်ငွေများလိမ်လည်သွားသူမှာ အောင်တိုးနှင့် ရဲကိုကို(ခ)ပန့်ဂတုံးတို့နှစ်ဦး ဖြစ်ကြောင်းစုံစမ်းသိရှိခဲ့ရ သဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ လိမ်လည်ယူသွားသော ဖုန်းနှင့်ငွေတို့နှင့်အတူ ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
ကရင်ပြည်နယ်ရဲတပ်ဖွဲ့
https://www.facebook.com/kspolicedept
ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသည့် ရွေ့ပြောင်း လုပ်သားများအား လိမ်လည်သူနှစ်ဦးကို ဖမ်းဆီး
Reviewed by THITHTOOLWIN
on
19:15
Rating:
