ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့် သစ်အချောထည် ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား ဖမ်းဆီးမိ


နေပြည်တော်၊ ဇူလိုင် ၁၃

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်၊ ဘန့်ဘွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဘန့်ဘွေးကျေးရွာအနီး အိုရီယမ်တယ်တိုးဂိတ်၌ ယာဉ်များရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့် သစ်အချောထည် ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား ဖမ်းဆီးမိကြောင်း သိရပါသည်။

 မန္တလေးဘက်မှ လားရှိုးဘက်သို့ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ စိုင်းစံဝိုး(၂၇)နှစ်မောင်းနှင်လာသည့် ၈ဈ/××××× "ဆုလာဘ်ရွှင်" ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်များဖြင့် ထုပ်ပိုးသယ်ဆောင်လာသော ကျောက်စိမ်းတုံး အသေး(၁၄)ခြမ်း၊ အကြီး(၃)ခြမ်း၊ အလေးချိန်(၂၂၂)ကီလိုခန့်အားလည်းကောင်း၊ စက္ကူဖာများဖြင့် ထည့်သွင်းထားသယ်ဆောင်လာသော တရားမဝင် ပိတောက်သားဖြင့် ပြုလုပ်ထားသည့် ဖရုံသီးပုံ ထမင်းအုပ်ဆိုဒ်စုံ(၂၅)လုံး၊ ပန်းကန်ပြားဆိုဒ်စုံ(၁၀၀)ချပ်၊ ပန်းအိုးဆိုဒ်စုံ(၄၀)လုံး၊ ဆေးလိပ်ခွက် ဆိုဒ်စုံ(၃၇)လုံး၊ ပန်းကန်လုံးဆိုဒ်စုံ(၃၈)လုံး (၀.၄၁၄)တန်၊ တန်ဖိုးငွေ(၁၀၃,၅၀၀)ကျပ်တို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 စိုင်းစံဝိုး အား နောင်ချိုမြို့မရဲစခန်း (ပ)၁၁၉/၂၀၁၇၊ ကျောက်မျက်ဥပဒေပုဒ်မ ၂၄(က)၊ (ပ)၁၂၀/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့် သစ်အချောထည် ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား ဖမ်းဆီးမိ ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့် သစ်အချောထည် ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.