ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Chaman (ချာမန်)ဒေသမှာ ဇူလိုင်လ(၁၀)ရက်နေ့နံနက်ပိုင်းက ရဲကားတစ်စီး အသေခံဗုံးဖောက်ခွဲခံရမှုကြောင့် အကြီးတန်းရဲအရာရှိတစ်ဦး အပါအ၀င်လူ(၂)ဦးသေဆုံးခဲ့ပြီး လူ(၁၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြခဲ့ပါတယ်။
Chaman (ချာမန်)ဒေသရဲ့ လူစည်ကားရာ မြို့လယ်ကောင်နေရာကို ဖြတ်သန်းမောင်းနှင်လာတဲ့ ရဲကားတစ်စီး ဒေသစံတော်ချိန် နံနက်(၁၁)နာရီခွဲ အချိန်ကအသေခံဗုံးခွဲ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံသတင်းဌာနက တင်ပြခဲ့ပါတယ်။
ဒီဖောက်ခွဲမှုဟာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပြီး၊ ခရိုင်ရဲအရာရှိ Sajid Khan (ဆာဂျစ်ခန်း)ကိုပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ Chaman (ချာမန်)ဒေသရဲ့ လက်ထောက်ရဲမင်းကြီးက ပြောကြား ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရဲအရာရှိ Sajid Khan (ဆာဂျစ်ခန်း)နဲ့အတူ သူရဲ့သက်တော်စောင့်တို့ သေဆုံးခဲ့ပြီး ရဲ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့်ယာဉ်အတော်များများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဆိုပါဒဏ်ရာရရှိခဲ့တဲ့ လူတွေထဲမှ (၄)ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမျှ သူတို့ရဲ့ လက်ချက်လို့ပြောကြားခြင်း မရှိသေးကြောင်း စင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ပါကစ္စတန် အနောက်တောင်ပိုင်းမှာ ရဲကားတစ်စီး အသေခံဗုံးဖောက်ခွဲခံရ၊ လူ(၂)ဦးသေ
Reviewed by THITHTOOLWIN
on
19:19
Rating:
