သိန္နီမြို့တွင် တရားမ၀င် ကျောက်စိမ်းအရိုင်းတုံးများဖမ်းဆီးရမိ


သိန္နီ-ကွတ်ခိုင်အထွက် ပြည်ထောင်စုလမ်းမကြီး အော်ရီယမ်တယ်တိုးဂိတ်မှာ ဇူလိုင်(၂၁) ရက် မနက်က ကျောက်စိမ်းလို့ထင်ရတဲ့ တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး တွေကိုဖမ်းဆီးရမိခဲ့တယ်လို့ သိန္နီမြို့မရဲစခန်းကနေသိရပါတယ်။

 သိန္နီမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ သတင်းအရ သိန္နီ-ကွတ်ခိုင်အထွက်ပြည်ထောင်စုလမ်းမကြီး အော်ရီယမ်တယ်တိုးဂိတ်မှာ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်ခဲ့ပါတယ်။


အဲဒီလိုဆောင်ရွက်ခဲ့ ရာမှာ သိန္နီကနေကွတ်ခိုင်ဘက်ကို မောင်းနှင်လာတဲ့ VIGO အဖြူရောင်ယာဉ်ကို ရှာဖွေရာ ယာဉ်ရဲ့နောက်ခန်းအံဝှက်အတွင်းက ကျောက်စိမ်းလို့ထင်ရတဲ့ တရားမဝင်ကျောက်စိမ်း အရိုင်းတုံး ဆိုဒ်စုံ(၄၉)တုံး စုစုပေါင်းအလေးချိန် (၅၃၉)ကီလိုဂရမ်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါ တယ်။

တရားမဝင်ကျောက်တွေကိုသယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တို့ကိုသိန္နီမြို့မရဲစခန်းက (ပ)၁၄၄/၂၀၁၇ ကျောက်မျက်ဥပဒေပုဒ်မ ၄၂- က နဲ့ အရေးယူ ခဲ့ပြီး ကွင်းဆက်တရားခံ ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို နေပြည်တော်ဗျူရိုက ၀င်းသက်မော် ပေးပို့ထားတာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
သိန္နီမြို့တွင် တရားမ၀င် ကျောက်စိမ်းအရိုင်းတုံးများဖမ်းဆီးရမိ သိန္နီမြို့တွင် တရားမ၀င် ကျောက်စိမ်းအရိုင်းတုံးများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.