တာချီလိတ်မှာ ဖမ်းမိတဲ့ ကျားသေကို ဒီနေ့ မီးရှို့


ထိုင်း-မြန်မာနယ်စပ် တာချီလိတ် တာလေ လမ်းပေါ်မှာရှိတဲ့ မယ်ယန်း စစ်ဆေးရေးဂိတ်မှာ ဇူလိုင်လ ၉ ရက်နေ့က ဖမ်းမိခဲ့တဲ့ ကျားသေ တကောင်ကို ဒီကနေ့ မနက်ပိုင်းက တာချီလိတ် မြို့မသုသာန်မှာ မီးရှို့ခဲ့ပါတယ်။

တာချီလိတ်ကနေ ကျိုင်းတုံကို မောင်းနှင်လာတဲ့ ပရိုဘောက်စ်ယာဉ်ပေါ်မှာ အဲဒီ ကျားထီး (အသေ) ကို ဖမ်းဆီးရမိခဲ့တာပါ။


၁၂၅ ကီလို အလေးချိန်ရှိတဲ့ အဲဒီ ကျားသေ သယ်ဆောင်လာတဲ့ အမှုကို တောရိုင်း တိရစ္ဆာန်နဲ့ သာဘာဝ သစ်ပင်များ၊ နယ်မြေများ ထိန်းသိမ်းကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၇ (က) နဲ့ အရေးယူဖို့ တာချီလိတ် ခရိုင်သစ်တော ဦးစီးဌာနက စီစဉ်နေပါတယ်။

အခုဖမ်းမိတဲ့ နေရာဟာ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်လို့ နာမည်ကြီးတဲ့ တရုတ် မြန်မာနယ်စပ် မိုင်းလားနဲ့ ၄ နာရီခန့် ခရီးအကွာမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - (ကိုထွန်း - မိုင်းဖြတ်)
BBC Burmese
https://www.facebook.com/bbcburmese
တာချီလိတ်မှာ ဖမ်းမိတဲ့ ကျားသေကို ဒီနေ့ မီးရှို့ တာချီလိတ်မှာ ဖမ်းမိတဲ့ ကျားသေကို ဒီနေ့ မီးရှို့ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.