ရန်ကုန် ဇူလိုင် ၁ဝ
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၁၆၈) ရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများ ဖမ်းဆီးရမိ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက်နံနက်ပိုင်းက (၁၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရာအိမ်မှူး ဦးလှစိန်နှင့် ဦးသိန်းတန် တို့ထံ ယင်းရပ်ကွက်နေ ဟိန်းမင်းဦး၊ မခင်ဝိုင်း၊ ကျော်ခိုင်၊ ကျော်သန့်ဇင်၊ အောင်သူ၊ ခင်ငြိမ်းချမ်းနှင့် အောင်ဝင်းတို့ လာရောက်၍ အလုပ်ထောက်ခံစာအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြသရာ မသင်္ကာသဖြင့် မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနရုံးရှိ ဦးစီးမှူး ဦးသန်းဌေးမြင့်ထံအကြောင်းကြား ရာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုဖြစ်ကြောင်း အတည်ပြု ချက်ရရှိခဲ့သည်။
၎င်းတို့ခုနစ်ဦး၏ ပြောပြချက်အရ (၁၆၈)ရပ်ကွက် ကနောင် မင်းသားကြီးလမ်း နေ့ကလေးထိန်းကျောင်း၌ လုံခြုံရေး ဆောင်ရွက်နေသော ဦးကျော်ဆွေ (၅၂ နှစ်)ထံမှ ကတ်ပြား တစ်ပြားကို ငွေကျပ် ၅ဝဝဝဝ ဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိခဲ့ရ သဖြင့် မြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ နယ်ထိန်းအရာရှိ ရဲအုပ် ကျော်ကျော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၄၅ မိနစ်က ဦးကျော်ဆွေ (၅၂ နှစ်)ကို ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျင်မောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၌ နိုင်ငံသား စိစစ်ရေးကတ်ပြား အတုများ သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
08:15
Rating:
