ရန်​ကုန်​မြို့ အငှားယာဉ်​ဝန်​​ဆောင်​မှုလုပ်​ငန်း စနစ်​တကျပြုပြင်​​ပြောင်းလဲသွားမည်


ရန်​ကုန်​ ဇူလိုင်​၂၆

ရန်​ကုန်​မြို့တွင်​အငှားယာဉ်​အ​ရေအတွက်​များပြားလာသည့်​အ​လျောက်​ အငှားယာဉ်​များစနစ်​တကျ​ပြေးဆွဲ​ရေးနှင့်​​ဘေးကင်းလုံခြုံ​ရေးအတွက်​စနစ်​တကျပြုပြင်​​ပြောင်းလဲသွားမည်​ဖြစ်​​ကြောင်းရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက​ပြောသည်​။

"ရန်​ကုန်​မြို့ရဲ့အငှားယာဉ်​အ​ရေအတွက်​ဟာများပြားလျက်​ရှိပါတယ်​။ဒီလိုများပြားလာတဲ့အတွက်​အငှားယာဉ်​​မောင်းစနစ်​ကိုစနစ်​တကျပြုပြင်​​ပြောင်းလဲသွားရမှာဖြစ်​ပါတယ်​။ ရန်​ကုန်​မြို့တက္ကစီထူ​ထောင်​ထားသူ​တွေအ​နေနဲ့လုံခြုံစိတ်​ချရတဲ့ဝန်​​ဆောင်​မှု​ပေးနိင်​ဖို့အတွက်​ ဝန်​​ဆောင်​မှုတစ်​ခုခုနဲ့ချိတ်​ဆက်​ထားရမှာဖြစ်​ပါတယ်​။ဒါမှလည်းနည်းပညာပူး​ပေါင်​​ဆောင်​ရွက်​မှု​တွေရရှိလာမှာဖြစ်​ပါတယ်​။တက္ကစီယာဉ်​​မောင်​​တွေရဲ့ဘဝကိုမြှင့်​တင်​​ပေးရင်းပြည်​သူ​တွေအတွက်​​ကောင်းမွန်​​သောဝန်​​ဆောင်​မှုေ​တွေတိုးတက်​လာရမှာဖြစ်​ပါတယ်​"ဟုဦးဖြိုးမင်းသိန်းကယ​နေ့နံနက်​ပိုင်းတွင်​နိဗဝုတယ်​ဟိုတယ်​၌ကျင်း​သောစင်​ကာပူနိင်​ငံအ​ခြေစိုက်​အငှားယာဉ်​ဝန်​​ဆောင်​မှုတစ်​ခုဖြစ်​​သောGrab၏Driver Careအစီအစဉ်​စတင်​မိတ်​ဆက်​ခြင်းအခမ်းအနားတွင်​​ပြောသည်​။

အဆိုပါအစီအစဉ်​သည်​အငှားယာဉ်​ထူ​ထောင်​ထားသူများအ​နေဖြင့်​Grabတွင်​အသင်းဝင်​ထားရ​ကြောင်း၊ကားငှားရမ်းလိုသူပြည်​သူများအ​နေဖြင့်​၎င်း၏မိုဘိုင်​ဖုန်းအပလီ​ကေးရှင်းကိုအသုံးပြုကာ၂၄နာရီပတ်​လုံးကားငှားရမ်းနိုင်​မည်​ဖြစ်​​ကြောင်း၊သက်​သာ​သောဝန်​​ဆောင်​ခ၊​ဘေးကင်းလုံခြုံမှုစ​သောအခွင့်​အ​ရေးများရရှိမည်​ဖြစ်​​ကြောင်း၊စမ်းသပ်​ကာလ​လေးလတာကာလအတွင်းGrabနှင့်​ပူး​ပေါင်း​ဆောင်​ရွက်​သည့်​အငှားယာဉ်​​ ၅၀၀၀ ​ကျော်​ရှိသွားပြီဖြစ်​​ကြောင်းသိရသည်​။

ထို့အပြင်​အသင်းဝင်​ထားသူယာဉ်​​မောင်းများအ​နေဖြင့်​ယာဉ်​မ​တော်​တဆဖြစ်​ပွားမှု​ကြောင့်​​သေဆုံးခြင်း၊ထိခိုက်​ဒဏ်​ရာရရှိခြင်းတို့အတွက်​အာမခံ​ငွေ​ပေးရန်​မလိုဘဲအာမခံအခွင့်​အ​ရေးကဲ့သို့​ဆေးဝါးကုန်​ကျစရိတ်​များပြန်​လည်​ရရှိနိင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ယခုအခါကညန၏စာရင်းများအရရန်​ကုန်​မြို့တွင်​အငှားယာဉ်​စီး​ရေ​ခြောက်​​သောင်း​ကျော်​ရှိ​နေပြီးအဆင်​​ပြေသလိုခရီးသည်​များအလုအယက်​ရှာ​ဖွေ​ပြေးဆွဲခြင်း​ကြောင့်​ယာဉ်​တိုက်​မှုများမကြာခဏဖြစ်​ပွားခြင်း၊ယာဉ်​​ကြောကြပ်​တည်းခြင်းစ​သောပြဿနာများနှင့်​ရင်​ဆိုင်​​နေကြရသည်​။

ယခုအခါGrab သည်​စင်​ကာပူ၊အင်​ဒိုနီးရှား၊ဖိလစ်​ပိုင်​၊မ​လေးရှား၊ထိုင်း၊ဗီယက်​နမ်​နှင့်​မြန်​မာနိင်​ငံတို့တွင်​အငှားယာဉ်​ဝန်​​ဆောင်​မှုလုပ်​ငန်းများ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းလည်းသိရသည်​။

သတင်းမြင့်​​မောင်​စိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်​ကုန်​မြို့ အငှားယာဉ်​ဝန်​​ဆောင်​မှုလုပ်​ငန်း စနစ်​တကျပြုပြင်​​ပြောင်းလဲသွားမည်​ ရန်​ကုန်​မြို့ အငှားယာဉ်​ဝန်​​ဆောင်​မှုလုပ်​ငန်း စနစ်​တကျပြုပြင်​​ပြောင်းလဲသွားမည်​ Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.