အစ္စလာမ္မာဘတ် ဇူလိုင် ၈
ကက်ရှ်မီးယားဒေသရှိ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံပိုင်နက် ဒေသများကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်း တစ်လျှောက်တွင် အိန္ဒိယတပ်ဖွဲ့များ၏ ပစ်ခတ်မှုများ ကြောင့် အရပ်သားနှစ်ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ပါကစ္စတန်စစ်ဘက်က ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။
ထိန်းချုပ်ရေးမျဉ်း (အယ်လ်အိုစီ)တစ်လျှောက်ရှိ ချီရီကော့တ်နှင့်ဆက်ဝေါဒေသများတွင် အိန္ဒိယတပ်ဖွဲ့ များက လက်နက်ငယ်များ၊ စိန်ပြောင်းများအပါအဝင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန် သော ကြေညာချက်တွင် ဖော်ပြသည်။
အိန္ဒိယတပ်ဖွဲ့များ၏ အကြောင်းမဲ့ပစ်ခတ်မှုများအား ပါကစ္စတန်တပ်ဖွဲ့များက တုံ့ပြန်ခဲ့ကြောင်း၊ ယင်းပစ်ခတ် မှုကြောင့် ပါကစ္စတန်လူမျိုးနှစ်ဦးသေဆုံးပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်ကြောင်း၊ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်၏ ကြေညာချက်တွင် ပါရှိသည်။
ယမန်နှစ် စက်တင်ဘာ ၁၈ ရက်က အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဘက်ခြမ်းရှိ အိန္ဒိယ စစ်စခန်းတစ်ခုအား စစ်သွေြး<ွကများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးမှု ဖြစ်ပွားပြီးကတည်းကစ၍ ယခုနောက်ဆုံးဖြစ်ပွားသည့် ပစ်ခတ်မှုသည် နှစ်နိုင်ငံအား ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်း၌ တင်းမာမှုမြင့်တက် လာစေခဲ့သည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အိန္ဒိယတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးဟု ပါကစ္စတန်စစ်ဘက် ပြောကြား
Reviewed by THITHTOOLWIN
on
10:16
Rating:
