ယန်ဟီးလီစီးလာသည့် လေယာဉ် သံတွဲလေယာဉ်ကွင်းတွင် စက်ချို့ယွင်း၍ ရပ်နားထားရ


နိရဉ္စရာ၊ ဇူလိုင် ၁၁

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ စီးနှင်း လိုက်ပါလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်သည် သံတွဲ လေဆိပ်တွင် စက်ချို့ယွင်းသွားခဲ့၍ ရပ်နားထားရသည်ဟု သတင်းရရှိသည်။

သံတွဲခရိုင် ရဲမှူးကြီး ဦးတင်အုံးက “ ဟုတ်ပါတယ်ခင်ဗျာ။ လေယာဉ်အမှတ် UB 253 ဖြစ်ပါတယ်။ စက်ချို့ယွင်းတဲ့ အတွက် ရပ်နားထားရပါတယ်။ လေယာဉ်အစား လာမှဘဲ ကျောက်ဖြူကို ဆက်သွားရမှာပါ” ဟု ပြောကြားသည်။

၎င်းလေယာဉ်သည် ယနေ့ နံနက်က ရန်ကုန်မြို့မှ သံတွဲ၊ ကျောက်ဖြူနှင့် စစ်တွေမြို့များသို့ ထွက်ခွာလာရာ သံတွဲလေဆိပ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲက စက်ချို့ယွင်းသွားခဲ့သည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
ယန်ဟီးလီစီးလာသည့် လေယာဉ် သံတွဲလေယာဉ်ကွင်းတွင် စက်ချို့ယွင်း၍ ရပ်နားထားရ ယန်ဟီးလီစီးလာသည့် လေယာဉ် သံတွဲလေယာဉ်ကွင်းတွင် စက်ချို့ယွင်း၍ ရပ်နားထားရ Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.