![]() |
ဇူလိုင်လ ၆ ရက်နေ့က နိုင်ငံရေးပါတီ ၁၄ ပါတီရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်ကို တွေရစဉ် |
လောက်ကိုင်ဒေသမှာ စစ်အုပ်ချုပ်ရေးပြဌာန်းသလိုမျိုး နယ်မြေလုံခြုံရေး အရေးကြီးတဲ့နေရာတွေမှာ စစ်အုပ် ချုပ်ရေးပြဌာန်းပေးဖို့ တောင်းဆိုတာလို့ ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော် က ပြောပါတယ်။
"ရခိုင်ပြည်နယ်ရဲ့ လိုအပ်တဲ့ဒေသတွေမှာ ဒါကလည်း အထူးတလည်တော့မဟုတ်ဘူး ပြီးခဲ့တဲ့ ကိုးကန့် လောက်ကိုင်ဒေသမှာလုပ်ခဲ့တာရှိတာပဲ၊ နယ်မြေလုံခြုံရေးအတွက် သိပ်အရေးကြီးတဲ့နေရာတွေမှာ အရပ်ဖက် အုပ်ချုပ်ရေးနဲ့ မလုံလောက်တဲ့နေရာတွေမှာ စစ်အုပ်ချုပ်ရေးပြဌာန်းပြီး နယ်မြေစိုးမိုးမှု ရှိအောင်လုပ်ဖို့ တောင်းဆိုတာပါ"
အစိုးရကို ဥပဒေအရအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကိုမကျင့်သုံးဘဲ၊ ဥပဒေအရအပ်နှင်းမထားတဲ့ ကိစ္စတွေ ကို ဆောင်ရွက်နေတာဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပြီး ဥပဒေနဲ့အညီ လိုက်နာဖို့ကိုလည်း ထုတ်ပြန် ချက်မှာ တိုက်တွန်းထားပါတယ်။
အစိုးရရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေထုတ်ပြန်မှုမှာ အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်း ဖက်မှုများ၊ အစွန်းရောက်အကြမ်းဖက်မှုများလို့ သုံးစွဲပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်ကို အကြမ်းဖက်တိုက် ခိုက်မှုအဖြစ် တရားဝင်ပြောကြားတာကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးဖို့ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံကို စေလွှတ်မယ်ဆိုတာကို အစိုးရအနေနဲ့ လုံးဝအသိအမှတ် မပြုဖို့ကို လည်း တိုက်တွန်းထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရခိုင်က ဒေသအချို့မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပေးဖို့ တိုက်တွန်း
Reviewed by THITHTOOLWIN
on
03:30
Rating:
