သံတွဲ မဘသ ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်ဟုဆို

( ဆေးသားပျက်ပြယ်နေသည့် ဆိုင်းဘုတ်ကိုတွေ့ရစဉ်)
နိရဉ္စရာ၊ ဇူလိုင် ၂၅

ရခိုင်ပြည်နယ် သံတွဲမြို့ လေးမျက်နာကုန်း၊ ပရိတ်ကျောင်းတွင် စိုက်ထူထားသည့် မဘသ ဆိုင်းဘုတ်ကို မဘသ ရဟန်းတော်များအနေဖြင့် ဖြုတ်ချမည် မဟုတ်ကြောင်း သံတွဲမြို့ သိမ်ကုန်းဆရာတော် ဦးတေစိန္ဒက နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

“ မလိုချင်တဲ့သူတွေ လာဖြုတ်ပါစေ။ ဦးဇင်းတို့ကတော့ ဖြုတ်ဖို့ အစီအစဉ် မရှိဘူး။ ဆိုင်းဘုတ်ကို ဆက်ထားပါမယ်” ဟု သိမ်ကုန်းဆရာတော်က ပြောသည်။

ဆိုင်းဘုတ်မှာ ဆေးသားများ ပျက်ပြယ်နေပြီ ဖြစ်သဖြင့် အသစ်ဆိုင်းဘုတ်ဆက်တင်ရန် အစီအစဉ် ရှိပါသလားဟု ဆက်မေးမြန်ူရာ ဆရာတော် “ ဗုဒ္ဓဓမ္မပရဟိတ ဖေါင်ဒေရှင်း အမည်နဲ့ တင်သင့် မတင်သ့င်ကို ဘုန်းကြီး သံဃာညီလာခံပြီးမှ အဖြေပေးလို့ ရမယ်။ သံဃာညီလာခံကို ၀ါခေါင်လပြည့်နေ့ မတိုင်မီ သိမ်ကုန်းကျောင်းမှာ သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာတော်တွေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆရာတော်က ပြောဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မဘသ အနေဖြင့် အများပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်သာရှိကြောင်း၊ ရေဘေးအကူအညီ လေဘေး အကူအညီများအား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လာတိုင်း ကူညီနေသည့် အဖွဲ့ ဖြစ်ပါကြောင်း၊ ကျောက်ဖြူ အောင်တံခွန် ၃ နစ်မြုပ်တုန်းကလည်း ကူညီများစွာပေးခဲ့ကြောင်း ပြောကြားသည်။

“ ဦးဇင်းအနေနဲ့ ဆိုင်းဘုတ်ကို ဖြုတ်မှာ မဟုတ်သလို မဘသ အဖွဲ့ဆိုတာကလဲ ပါတီ နိုင်ငံရေး လုပ်နေတဲ့ အဖွဲ့ မဟုတ်တဲ့ အတွက် ဘယ်သူ လာဖျက်ဖျက် ပျက်မှာ မဟုတ်ပါဘူး။ အမြဲရှိနေမှာပါတကာကြီး” ဟု ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara
သံတွဲ မဘသ ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်ဟုဆို သံတွဲ မဘသ ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်ဟုဆို Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.