မြစ်ကြီးနား ၊ ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပလနတွင် ရပ်ကွက်အတွင်းလိုက်လံပြီးခိုးယူနေသည့်အမျိုးသားသုံး ဦးအားဖမ်းဆည်းရမိခဲ့ကြောင်း မြို့ မရဲစခန်း နယ်ထိန်းရုံးမှ သတင်းရ ရှိသည်။
အဆိုပါအမှုမှမြစ်ကြီးနားမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ေ အာင်ကျော်ဦးနှင့်အဖွဲ့သည် ရပ်ကွ က်အုပ်ချုပ်ရေးမှူး နယ်မြေမှုများနှ င့်အတူ ဇူလိုင်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ပလန ကျေးရွာအတွင်း လှည့်ကင်းများေ ဆာင်ရွက်စဉ်မသကာင်္၍ခေါ်ယူ စစ်ဆေးရာမှရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားခံများဖြစ်သည့်ကျော်ဇင်ဝင်း၊ ဆွတ်အောင်(ခ)မိုင်မိုင်ရဲထွန်း၊ ရဲလီ (ခ)အားခီတို့ သုံးဦးအား စစ်ဆေးေ မးမြန်းရာမှ ဇူလိုင်လ.၁၉ ရက်နေ့ တွင် ရွှေစက်ရပ်ကွက် (၆) မိုင်ကုန်း လမ်းဆုံအနီး အိမ်တစ်လုံး တွင် (HUAWEI) အမျိုးအစားဖုန်းတစ် လုံး၊ ပလန (၅)ယုဇနမြိုင်ကျေးရွာ နေအိမ်တွင် (SamSaung) နှင့် (HUAWEI) ဖုန်းတစ်လုံးဆီတို့ကို ခိုးယူခဲ့သည့်အပြင် မေခ၀န်ထမ်းအိ မ်ယာအတွင်းမှ (Toyomax) ခွေးဘီး လူး ဆိုင်ကယ် (၁)စီးအား ခိုးယူ ခဲ့ေ ကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ယင်းအပြင် ၄င်းတို့သုံးဦးသည် လွ န်ခဲ့သော ၁၅ရက်ခန့်က ဒူကထောင် ရပ်ကွက်ရှိ နေအိမ်အတွင်းမှ (JianLing) အနက်ရောင် ဆိုင်က ယ်တစ်စီးတို့ကို ခိုးယူခဲ့ပြီး စီတာပူ ရပ်ကွက်နေသူ လအောင် ဆိုသူထံ ငွေကျပ်(၂)သိန်းခွဲဖြင့် ရောင်းချခဲ့ေ ကြာင်းအသီးသီးစစ်ဆေးပေါ်ပေါက် ခဲ့သည်။
တရားခံများကို စစ်ဆေးမေးမြန်း ချက်အရ တယ်လီဖုန်း (၃)လုံး၊ ဆိုင်ကယ် (၂)စီးတို့ကို ခိုးယူခဲ့ပြီး ၄င်းပစ္စည်းများကို ပြန်လည်ရော င်း ချထားသည့်အတွက်ရဲအုပ်အောင်ကျော်ဦး နှင့် အသိ သက်သေများ လို က်ပါပြီး သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းထားရှိကြောင်း သိရသည်။
အဆိုပါ တရားခံ ကျော်ဇင်ဝင်း၊ ဆွတ်အောင် (ခ) မိုင်မိုင်ရဲထွန်း၊ ရဲလီ (ခ) အားခီတို့ သုံးဦးတို့အား မြစ်ကြီး နားမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိ ကြောင်း သိ ရသည်။
မင်းထွန်းဇော် မင်းရာဇာ(မြစ်ကြီးနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရပ်ကွက်အတွင်း လိုက်လံခိုးယူနေ သည့် အမျိုးသားသုံးဦးအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
17:34
Rating:
