ကာလသား ရောဂါ ဆေးမတိုးတော့ဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ သတိပေး

ကာလသား ရောဂါပိုး ဆေးမတိုး
လိင်ဆက်ဆံရာကနေ ကူးတဲ့ ဂနိုးရီးယားဆိုတဲ့ ကာလသား ရောဂါ ပိုးဟာ အလျင်အမြန် ကူးစက် ပြန့်ပွားနိုင်ပြီး ပဋိဇီဝဆေး မတိုးတော့ဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံပေါင်း ၇၇ ခုမှာ လေ့လာဆန်းစစ်ကြည့်တဲ့ အခါ ဂျပန် ပြင်သစ်နဲ့ စပိန်တို့မှာ တွေ့ရတဲ့ ရောဂါ ဖြစ်ပွားမှုတွေဟာ ကုလို့ လုံးဝ မရဘူးတော့ဘူးလို့ WHO ကလေ့လာ တွေ့ရှိခဲ့ပါတယ်။

ရောဂါပိုးပြန့်ပွားမှုဟာ ဒီ ပြဿနာကို စောင့်ကြည့် ကိုင်တွယ် ဖြေရှင်းမှု နည်းပါးတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အဖြစ်များတယ်လို့ WHO က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကာလသား ရောဂါ ဆေးမတိုးတော့ဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ သတိပေး ကာလသား ရောဂါ ဆေးမတိုးတော့ဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.