အင်းတော်ကြီးဒေသတွင် ဘက်ဟိုး(၃၈)စီးနှင့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများသိမ်းဆည်းမိ


မိုးညှင်း ဇူလိုင် ၂၂

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမမုန်ကိုင်ကျေးရွာ အုပ်စုတွင် ဇူလိုင် ၂၀ရက်နေ့က ဘက်ဟိုး (၃၈)စီးနှင့် တရားမဝင်ရွှေတူးဖော် ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်များကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည် ။

ဖြစ်စဉ်မှာအင်တော်ကြီးဒေသတွင် တရားမဝင်ရွှေတူး ဖော်လျက်ရှိကြောင်းသတင်းအရ ခမရ(၅၂၁)မှ တပ်ရင်းမှူးဗိုလ်မှူးစိုးမင်းဦးဆောင်သောအဖွဲ့ လုံးတုံနယ်မြေရဲစခန်းမှူးရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့ မမုန်ကိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသန်းငွေနှင့် ရာအိမ်မှူးများ ပြည်သူစစ်ခေါင်းဆောင် ဦးစီုင်းမျိုးသီဟနှင့်အဖွဲ့ အရံမီးသတ်တပ်ဖွဲ့ ဦးစိုးစိုးထွန်းနှင့်အဖွဲ့တောအုပ်ဦးမျိုးကျော်ဇင်နှင့်အဖွဲ့ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် မိုင်းနောင်ကျေးရွာ အနီးတစ်ဝိုက်အား ဇူလိုင်၂၁ရက်နံနက်၇နာရီအချိန်မှ ည၇နာရီခွဲအချိန်ထိဝင်ရောက်ရှင်းလင်းရှာဖွေခဲ့ရာ ဦးဆန်းထွန်းပိုင်ဘက်ဟိုး HYUNDAI(၂စီး)ကိုနိုင် ပိုင်ဘက်ဟိုး HYUNDAI(၁စီး) ဆန်းထွန်းပိုင် HYUNDAI (၁)စီး ဦးဆယ်ဘိုပိုင် HYUNDAI(၁)စီး ဦးဖိုးစောပိုင် HYUNDAI(၁)စီး ဦးချွန်ထူးပိုင် HYUNDAI(၁)စီး ဦးမောင်နိုင်ပိုင် HYUNDAI(၁)စီးနှင့် VOLVO(၁)စီး ဦးစံတုံးပိုင် HUNDAI(၁)စီး ဦးကျော်သူပိုင် VOLVO (၁)စီး ဦးမျိုးမင်းပိုင် VOLVO(၁)စီး ဒေါ်လွန်းငယ်ပိုင် VOLVO(၁)စီး ဦးသိန်းဇော်ပိုင် VOLVO(၁)စီးဦးမြင့်စိန် ပိုင် VOLVO(၁)စီး ဦးအားတာပိုင်VOLVO(၁)စီးနှင့် KOBELCO(၁)စီး ဦးကြည်လင်ပိုင် KOBELCO(၁)စီး ဦးခင်မောင်မြင့်ပိုင် KOBELCO (၁)စီး ဦးစိုင်းရီအောင် ပိုင် KOBELCO (၁)စီး ဦးဘုန်းနိုင်ပိုင် HITACHI(၁)စီး စုစုပေါင်း(၂၁)စီးတို့အား တွေ့ရှိ၍ မိုင်းနောင်ကျေးရွာ အမက ကျောင်းဘော့လုံးကွင်းအတွင်း၌လည်ကောင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးရဲဝေစိုးအဖွဲ့နှင့် မမုန်ကိုင်ကျေး ရွာရာအိမ်မှူးအဖွဲ့တို့မှ မမုန်ကိုင်ကျေးရွာအနီးတစ် ဝိုက်အား ဝင်ရောက်ရှင်းလင်းရာ ဦးမင်းမင်းပိုင် KOBELO(၁)စီး ဦးမောင်ပို HYUNDAI(၁)စီး ဦးကျော်ဌေးပိုင် HYUNDAI(၁)စီး ဦးထွန်းရင်ပိုင် HYUNDAI(၂)စီး ဒေါ်ဆန်းရင်ပိုင်HYUNDAI(၂)စီး ဦးရန်ပိုင် ပိုင်HYUNDAI(၁)စီး ဦးထွန်းနိုင်ပိုင် HYUNDAI (၁)စီး ဦးအောင်မင်းနိုင်ပိုင် HYUNDAI(၁) စီး ဒေါ်ရွှေမပိုင် HYUNDAI(၁)စီး ဦးစင်းအောင်ပိုင် HYUNDAI(၁)စီး ဦးမောင်ဇော်ပိုင်HYUNDAI (၁)စီး စုစုပေါင်း(၁၃)စီးတို့အားသိမ်းဆည်းရမိသဖြင့် မမုန်ကိုင် ကျေးရွာပြည်ခိုင်ဖြိုးရုံးရှေ့ကွင်းပြင်တွင်လည်ကောင်း စုစည်းထားရှိခဲ့ကြောင်း။

 အလားတူဇူလိုင် ၂၀ရက်နေ့၁၂၀၀နာရီအချိန်က ခမရ(၅၂၁)မှ တပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းဦးသောအဖွဲ့ လုံးတုံနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့မမုန်ကိုင်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲတို့သည် မိုင်းနောင်ကျေးရွာအနီးတစ်ဝိုက်အား ဝင်ရောက်ရှင်းလင်းရာဦးကြည်လင် ဦးဇော်ဌေး ဦးမိုးဇော်ဝင်း ဦးမျိုးမင်းတို့၏ နေအိမ်အတွင်းမှ HYUNDAI (၂)စီး VOLVO(၁)စီးနှင့် HITACHI(၁)စီးစုစုပေါင်း ဘက်ဟိုး (၄)စီးတို့ အားတွေ့ရှိရသဖြင့် မိုင်းနောင်ကျေးရွာ (အမက) ကျောင်းဘော့လုံးကွင်းအတွင်း စုစည်းကာ ထားရှိကြောင်း။

 ဒုတပ်ရင်းမှူးရဲဝေစိုးဦးစီးသောအဖွဲ့မှ ဆက်လက်ရှာဖွေရာ မိုင်းနောင်ကျေးရွာအနောက်ဖက် တောစပ်အနီးတဝိုက်တွင် မှုန်စုပ်စက်(၂၅)ကောင်(၂) လုံး (၃၀)ကောင်(၁)လုံး ပို့စက်(၂၅)ကောင်(၆)လုံး (၁၈)ကောင်(၃)လုံး လေးလုံးထိုး(၂)လုံးတို့ကိုတွေ့ရပြီး ယင်းနေရာတွင်းထိမ်းသိမ်းထားကြောင်း။

 တစ်ချန်တည်းမှာပင်ခလရ(၂၅၆)မှ ဗိုလ်ကြီးရဲဝင်းနိုင် ဦးဆောင်သောအဖွဲ့မှလည်း မှုန်စုတ်စက် လေးလုံးထိုး (၃)လုံး နှစ်လုံးထိုး(၁)လုံး ပို့စက်နှစ်လုံးထိုး(၃)လုံး ၁၂/၁၃ မီးစက်(၁)လုံး ဒီဇယ်ဂါလံ(၄၀)တို့အားတွေ့ရှိ ပြီး ယင်းနေရာတွင်ထိန်းသိမ်းထားရှိခဲ့ကြောင်း ။

အဆိုပါသိမ်းဆည်းရမိခဲ့သော ဘက်ဟိုး(၃၈)စီးနှင့် တရားမဝင်ရွှေတူးဖော်ရာတွင်အသုံးပြုသော ဆက်စပ် ပစ္စည်တို့အား ယာယီထိမ်းသိမ်းထားကာ သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည် ။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းတော်ကြီးဒေသတွင် ဘက်ဟိုး(၃၈)စီးနှင့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများသိမ်းဆည်းမိ အင်းတော်ကြီးဒေသတွင် ဘက်ဟိုး(၃၈)စီးနှင့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများသိမ်းဆည်းမိ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.