![]() |
ရေနစ်မြုပ်နေတဲ့ ပြည်မြို့၊ နဝင်းရပ်ကွက် |
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ရေဘေးသင့်သူ အများဆုံးဖြစ်ကာ ရေဘေးသင့် ပြည်သူ ၄၀,ဝ၀ဝ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လအစောပိုင်းကတည်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံတာတွေ ကြုံတွေ့နေရတာပါ။
![]() |
ပြည်မြို့က ရပ်ကွက်တချို့ထဲ ရေတွေ ဝပ်နေ |
ရေကြီးရေလျှံမှု ဒဏ်ကြုံနေရတဲ့ ပြည်နဲ့ အောင်လံမြို့တွေက ပြည်သူလူထု တချို့ကတော့ ရေကြီးလို့ အလုပ်အကိုင် မကောင်းသလို အစိုးရဘက်ကလည်း ပံ့ပိုးကူညီမှုတွေ ထိထိရောက်ရောက် မပေးသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
![]() |
ပြည်မြို့က ရပ်ကွက်တချို့ထဲ ရေတွေ ဝပ်နေ |
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဘေးတလျှောက်က စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့တဲ့ မြို့နယ်တွေနဲ့ စိုးရိမ်ရေမှတ် ရောက်ဖို့ နီးစပ်နေတဲ့ မြို့နယ် အချို့မှာ မိုးလေဝသနဲ့ ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။နှစ်စဉ် မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်အထက်ပိုင်း မြို့တွေမှာ ရေကြီးလေ့ရှိပြီး ဒီရေတွေဟာ မြစ်အောက်ပိုင်း ဒေသတွေကို စီးဝင်ပြီး ရေကြီးရေလျှံမှုဒဏ် ဆိုးဆိုးရွာရွား ခံရလေ့ရှိတာကြောင့် အခုနှစ်မှာလည်း ဒီလို ဖြစ်မှာကို မြစ်ဝကျွန်းပေါ်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြန်မာနိုင်ငံအနှံ့ ရေဘေးကြုံနေရသူ ၈၀,ဝ၀ဝ ဝန်းကျင်ရှိနေ
Reviewed by THITHTOOLWIN
on
17:01
Rating:
