မြင်းမူ ဇူလိုင် ၉
မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ မန္တလေး-မြင်းမူ-မုံရွာ ကားလမ်း မိုင်တိုင် ၅၈/၆ အနီးတွင် ဇူလိုင်၈ ရက် ည ၇ နာရီ ခွဲ က ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မန္တလေး ဘက်မှ မုံရွာ ဘက်သို့ ယာဉ်မောင်းဆန်းလင်းဦး ၃၉/နှစ် ဖျက်သီးကျေးရွာ မြိုင်မြို့နယ် နေသူမောင်းနှင်လာသော ယာဉ်အမှတ်2E/----- "ရိုဇာ"အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်နှင့် ဂွေးပင်တော ကျေးရွာ ရွာလယ်လမ်းမှ မန္တလေး-မြင်းမူ-မုံရွာ လမ်းမပေါ်သို့ဖြတ်တက်မောင်းနှင်လာသော ဆိုင်ကယ်ယာဉ်မောင်း ခင်လှိုင်(ခ)အောင်စန်းထွန်း တစ်ဦးတည်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၃ယ/----ဆိုင်ကယ်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်း
ဆိုင်တိုက်မိခဲ့သည်။
ခင်လှိုင်(ခ)အောင်စန်းထွန်း တွင် ဝဲ/ယာ နားထင်သွေးထွက် ဦးခေါင်းနောက်စေ့ပေါက်သွေးထွက် နှာခေါင်း ပါးစပ်သွေးထွက် ယာလက်ဖမိုး/တံတောင်ပွန်း ဝဲခြေသလုံးဖူးရောင်(အခင်းဖြစ်နေရာသေဆုံး)သွားခဲ့ပြီး 2E/---- ၏ ယာဉ်နောက်လိုက် မြင့်ဇော်ဦး ၂၂/နှစ် လက်ယက်မရွာ မြိုင်မြို့နယ် နေသူတွင် ဝဲခြေဖမိုးပွန်း ဝဲလက်သန်းပွန်းပဲ့ ယာပေါင်နာကျင် (မစိုးရိမ်ရမြင်းမူဆေးရုံပြင်ပလူနာ) ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ၂ ဦးအား မြင်းမူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြင်းမူ တွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်သမားသေဆုံး
Reviewed by THITHTOOLWIN
on
16:47
Rating:
