မက္ကဆီကို မှာ ထောင်ဆူ

Acapulco အကျဉ်းထောင်ထဲကို လုံခြုံရေး ရဲတွေ ဝင်ရောက်ဖို့ ပြင်နေပုံ
မက္ကဆီကို နိုင်ငံ Acapulco မြို့က အကျဉ်းထောင်မှာ ထောင်သားအချင်းချင်း ခိုက်ရန်ဖြစ်မှုကြောင့် အကျဉ်းသား ၂၈ယောက် သေဆုံးသွားပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြိုင်ဖက် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှု ဖြစ်တာလို့ Guerrero ပြည်နယ်က အရာရှိတွေက ဆိုပါတယ်။

အနည်းဆုံး အကျဉ်းသားလေးယောက်လောက် ခေါင်းဖြတ်ခံရတယ်လို့ ရဲက ပြောပါတယ်။

ဒါဟာ မက္ကဆီကို သမိုင်းမှာ ၂၀၁၇ ခုနှစ်အတွက် အဆိုးရွားဆုံး ထောင်ဆူမှု ဖြစ်ပါတယ်။

အမေရိကန် လုံခြုံရေးနဲ့ ပြည်ထဲရေး ဆိုင်ရာ အကြီးအကဲ John Kelly ပြည်နယ်ကို ရောက်လာပြီး မူးယစ်ဆေး ထုတ်လုပ်ရာ ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို အကာပူလ်ကို မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ