ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ ဇူလိုင် ၁၈

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ည ၇ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်၊ ကန်ချောင်းကျေးရွာရှိ ဦးကြည်ဝင်း၏ ငါးကန်၌ ကန်ချောင်းကျေးရွာနေ အေးနိုင်(ခ) မျိုးအောင်(၄၈)နှစ်နှင့် တစ်ရွာတည်းနေ အစ်ကိုဖြစ်သူ ဝင်းနိုင်(၅၂)နှစ်တို့နှစ်ဦး အရက်အတူသောက် ရာမှ ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

အစ်ကိုဖြစ်သူ ဝင်းနိုင်မှ အရိုးအသွား(၁၆)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးရာ အေးနိုင်(ခ)မျိုးအောင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ လူသတ်မှုအား ချောင်းကြီး နယ်မြေရဲစခန်း(ပ)၃၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.