ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦး ဖမ်းဆီးရမိ


ဇူလိုင် ၁၇၊‎၂၀၁၇

၂၀၁၆ ခုနှစ် ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦး ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၆ ရက် နေ့တွင် မောင်တောမြို့နယ် ဦးရှည်ကျ ကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်စဉ်၂၀၁၆ ခုနှစ် ငါးခူရ နယ်မြေရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး မာမောက်ရော်ရှီ ၄၂ နှစ် နှင့် အာယုပ် ၃၃ နှစ် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် တရားခံပြေးများအား ငါးခူရ နယ်မြေစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦး ဖမ်းဆီးရမိ  ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.