မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် မဟာသုခလမ်း၊ မီးရထားရဲဝန်ထမ်း လိုင်းခန်းသွပ်မိုးထရံကာ ၆ခန်းတွဲ ၂ လုံး စုစုပေါင်း ၁၂ခန်းရှိရာ အခန်း(၅)နေ တပ်သားမျိုးဇော်၏ လိုင်းခန်းအား တဆင့် ငှားရမ်းထားသူဦးရဲဝင်း၏နေအိမ်မှ နံနက်၁၀နာရီခွဲခန့်က မီးစတင်လောင်ကျွမ်းခဲ့သည်။


 အဆိုပါမီးလောင်ကျွမ်းသည့်နေရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မီးသတ်ယာဉ် ၂၆ စီး၊ သန္ဓေ ၂၁၇ ဦး၊ အရန်မီးသတ် ၄၅ ဦး စုစုပေါင်း (၂၆၂)ဦးနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းငြိမ်းသတ်ခဲ့ပြီး ၁၀း၅၅ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ကြောင်း မီးငြိမ်းသတ်ခဲ့မှုတွင်ပါဝင်ဆောင်ရွက်ခဲ့သူ အရန်မီးသတ်တပ်ဖွဲ့မှတပ်သားဘိုဘိုမင်းမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

 မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု(၁၀)စု လူဦးရေ (၅၀)ဦးခန့်အား မြို့နယ်ရဲတပ်ဖွဲ့၏အစီအစဉ်ဖြင့် ယာယီကယ်ဆယ်ရေးစခန်းအားကျီတော်ရပ်ကွက်၊ ရွှေကျင်ဘုန်းကြီးကျောင်းတွင်ဖွင့်လှစ်ထားရှိပြီး မီးဘေးသင့်ပြည်သူများအား မီးရထားရဲမှ ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်(ပြန်/ဆက်)
https://www.facebook.com/MYANMAALINNNEWS/
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.