မြင်းလှည်းအား ဆိုင်ကယ် ဝင်တိုက် လူသေဆုံး


၁၄-၇-၂၀၁၇ ရက်နေ့ နံနက် (၁၂ ) နာရီ အချိန်ခန့်က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြိုမ ရပ်ကွက်ရှိ မြို့ဝင်ကြေး ကောက်ခံဂိတ် အနီး မော်တော်ဆိုင်ကယ်မှ မြင်းလှည်းအား ဝင်ရောက်တိုက်မိရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း နယ်မြေခံ sh မှုခင်းသတင်းထောက် မျိုးလွင်ဦးမှ ပြောပြသိရှိရသည်။

ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် ကျွဲမင်းကျ ကျေးရွာနေ တင်စိုး (ဘ) ဦးဖိုးကောင်း (အသက် ) ၃၈ /၂၀၁၇ နှစ် တောင်သူ သည် ဆိုင်ကယ်အာ်း ကျွဲမင်းကျ ကျေးရွာ မှ နတ်မောက်မြို့သို့ ကားလမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင် လာစဉ် ၄င်းရှေ့မှ ချမ်းမြေ့အောင် မော်တော်ယာဉ်အား ကျော်တက်စဉ် တစ်ဘက် ယာဉ်လမ်းကြောသို့ရောက်ရှိ သွားပြီး တဖက်မှ နတ်မောက်မြို့ မြို့မရပ်ကွက် နေထိုင်သူ မိုးနှင်းမောင် (အသက်) ၂၁/၂၀၁၇ နှစ် မြင်းလှည်းမောင်း ( ဘ ) ဦးအောင်နေလငှ်း မောင်းနှင်လာသည့်  မြင်းလှည်းအား အရှိန်မထိန်းနိုင်တော့ဘဲ ၀င်ရောက် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းသူမှာ တဖက်မှမောင်းနှင်လာသည့် မြင်းလှည်းလက်တံ (ဘယ်) ဖြင့် ရင်ညွှန့်အား ထိုးမိ စိုက်ဝင်သွားပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိသတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီှး ဆိုင်ကယ်အား အချိန်မထိန်းနိုင်ဘဲ ပေါ့ဆစွာ မောင်းနှင်မှုကြောင့် သေဆုံးခဲ့သူ တင်စိုးအား နတ်မောက်မြို့နယ် မြို့မရဲစခန်း ( ပ ) ၃၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄- (က) ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

သူကြီးသား လှိုင်ဘွား (FB)
မြင်းလှည်းအား ဆိုင်ကယ် ဝင်တိုက် လူသေဆုံး မြင်းလှည်းအား ဆိုင်ကယ် ဝင်တိုက် လူသေဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.