ပါကစ္စတန် အနောက်တောင်ပိုင်းမှာ ရှီးယိုက်(၄)ဦး ပစ်သတ်ခံရ


ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင်လ(၁၉)ရက်နေ့က ဂိုဏ်းဂဏဆိုင်ရာ တိုက်ခိုက်မှုအတွင်း သေနတ်သမားတွေက ကားတစ်စီးကို ခြုံခိုက်တိုက်ခိုက်ခဲ့ပြီး ရှီးယိုက်မွတ်စလင်လူနည်းစု မိသားစုဝင်(၄) ဦးကို သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 Hazara(ဟာဇာရာ) ရှီးယိုက်မိသားစုရဲ့ယာဉ်က Karachi(ကရာချိ)မြို့ကိုအသွား ဘလူချီစ
တန်ပြည်နယ် Quetta(ကွက်တာ)မြို့တောင်ဘက်(၂၅)မိုင်အကွာမှာရှိတဲ့ Choto(ချိုတို)မြို့လေးကိုဖြတ်သန်းသွားစဉ်မှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကမျှသူတို့လက်ချက်လို့ ထုတ်ဖော်ပြောကြားတာ မရှိသေးပေမယ့်တာလီဘန်စစ်သွေးကြွတွေကတော့ ယခင်က ရှီးယိုက် Hazaras(ဟာဇာရာ)တွေကို တိုက်ခိုက်
ဖူးကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ