မြ၀တီမြို့တွင် အမျိုးသားတစ်ဦး ဓါးထိုးခံရ၍ သေဆုံး

မြ၀တီမြို့တွင် အမျိုးသားတစ်ဦး ဓါးထိုးခံရ၍ သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန်သူမှာ စုံစမ်းဆဲဖြစ်
မြ၀တီ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် အမျိုးသားတစ်ဦး ဓါးထိုးခံရသဖြင့် ဒဏ်ရာများရရှိခဲ့ကာ မြ၀တီခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၂၆ ရက်ေ်န့ က သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၅-၇-၂၀၁၇ ရက်နေ့ ၂၂း၃၀ အချိန် မြ၀တီမြို့၊ အမှတ်(၂)ရပ်ကွက်၊ သဲပုံဂိတ်အနီးတွင် လူတစ်ဦး ဓါးထိုးခံရပြီး လဲကျနေကြောင်း သတင်းအရ မြ၀တီမြို့မရဲစခန်း ရဲအုပ် ၀င်းကြိုင်ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွးရောက်စစ်ဆေး ခဲ့ရာ ဓါးထိုးခံရသူမှာ အောင်ကိုလတ်(ခ)ဗိုက်ပူ၊ (၃၈-နှစ်)၊ (ဘ)ဦးပါ၊ ကျွန်းတော၊ အမှတ်(၂)ရပ်ကွက်၊ မြ၀တီမြို့နေသူဖြစ် ပြီး ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

 ၎င်းအနီးမှ သွေးစွန်းနေသော အရိုးအသွား(၁၂) လက်မခန့်ရှိသည့် ဓါးဦးချွန်တစ်ချောင်းကို တွေ့ရှိသဖြင့် သက်သေများရှေ့ သိမ်းဆည်းခဲ့ပြီး ဒဏ်ရာရရှိသူအား ရဲဆေးစာဖြင့် မြ၀တီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူစဉ် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြဝတီမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်းလျှက်ရှိကြောင်း သိရသည်။

ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
မြ၀တီမြို့တွင် အမျိုးသားတစ်ဦး ဓါးထိုးခံရ၍ သေဆုံး မြ၀တီမြို့တွင် အမျိုးသားတစ်ဦး ဓါးထိုးခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.