မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့၌ ငွေကျပ်သိန်းပေါင်း ၂၆ဝ၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ


လွိုင်လင် ဇူလိုင် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တို့၌ ဇူလိုင် ၂၄ ရက် မွန်းလွှဲပိုင်းက ငွေကျပ်သိန်းပေါင်း ၂၆ဝ၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက်မွန်းလွဲပိုင်းက နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ်၊ တာဆန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် အိုက်ဆိုင်ကျော် မောင်းနှင်ပြီး မနန်းစံဟွမ်လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မောင်း အိုက်ဆိုင်ကျော်မှာ သံလွင်မြစ်အတွင်း ခုန်ဆင်းထွက်ပြေးရာ ရေစီးဝဲကတော့အတွင်း နစ်မြုပ်မျောပါသွားခဲ့ပြီး မနန်းစံဟွမ်းနှင့်အတူ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး၊ စုစုပေါင်း ဘိန်းဖြူ ၁ဝ၄ ဒသမ ၃ ကီလို၊ မြန်မာငွေကျပ် ၁၅ဝဝဝဝ ကျပ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီအချိန် မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာနေ မနန်းစံဟွမ်း၏ နေအိမ်မှ ပွိုင့် ၂၂ သေနတ် တစ်လက်(မောင်းတုံးမပါ၊ ပစ်မရ)၊ ၄င်းကျည် ၁၂ တောင့်၊ အဝေးကြည့်မှန်ပြောင်း တစ်လက် တို့ကိုလည်းကောင်း၊ ည ၁ဝ နာရီ ၂၅ မိနစ်တွင် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ရပ်ကွက် ၂ ၊ အေးမေတ္တာလမ်း နေ အိုက်ဆိုင်ကျော်၏ နေအိမ်မှြ-၁၆ သေနတ်တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၄င်း၏ ၁၃ တောင့်၊ ပွိုင့် ၂၂ သေနတ်အရှည် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၄င်းကျည် ၁၁ တောင့်၊ ဒေသလုပ် ကိုးလုံးကျည် တစ်တောင့်ထိုးသေနတ် တစ်လက်၊၄င်းကျည် ၂၁ တောင့်နှင့် ထိုင်းဘတ်ငွေ ၁ဝဝဝ ဘတ်၊ မြန်မာငွေကျပ် ၂၁၇ဝဝ ကျပ်တို့ကိုလည်းကောင်း သိမ်းဆည်း ရမိသည်။


အမှုမှ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိပြီး ကွင်းဆက်ဖြင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိသူ နန်းစံဟွမ် (၂၂ နှစ်)၊ ရပ်ကွက်(၁)၊ နားကောင်းမူရွာ၊ မိုင်းတုံမြို့နယ် နေသူနှင့် အိုက်ဆိုင်ကျော် (၄၄ နှစ်)(မဖမ်းမိသေး)၊ ဈေးအရှေ့လမ်း၊ ပုံပါကျင်ကျေးရွာ၊ မိုင်းတုံမြို့နယ်နေသူတို့ကို မိုင်းပန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ ရှမ်းလက်နက်အက်ဥပဒေဖြင့်လည်းကောင်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့၌ ငွေကျပ်သိန်းပေါင်း ၂၆ဝ၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့၌ ငွေကျပ်သိန်းပေါင်း ၂၆ဝ၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.