ပါကစ္စတန် နိုင်ငံသား များ နှင့် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ တို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြရာ လူပေါင်း ၄၇ ဦး ဒဏ်ရာ ရရှိ

အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် တို့မှ ဂျေရုဆလင် မြို့ဟောင်း ရှိ Lions' Gate တွင် လုံခြုံရေး တာဝန်ယူနေစဉ်(ဆင်ဟွာ)
    ဂျေရုဆလင် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

    ပါကစ္စတန် နိုင်ငံသား များ နှင့် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ တို့သည် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းအချိန်တွင် ဂျေရုဆလင် မြို့ဟောင်း ရှိ Lions' Gate အပြင်ဘက်တွင် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား ခဲ့ကြပြီး အနည်းဆုံး ပါကစ္စတန် နိုင်ငံ သား ၄၂ ဦး ဒဏ်ရာရရှိကာ အစ္စရေး ရဲတပ်ဖွဲ့ မှ ဝန်ထမ်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြချက် များအရ သိရှိရသည်။

သတင်းဖော်ပြချက်များအရ ထောင်နှင့်ချီသော ပါကစ္စတန် နိုင်ငံ မှ အစ္စလမ် ဘာသာဝင်များ သည် ဂျေရုဆလင် မြို့ဟောင်းရှိ Mount ဘုရားကျောင်း၏ Lions' Gate အပြင်ဘက်တွင် ဝတ်ပြုခြင်း ကို ဆောင်ရွက်ခဲ့ပြီး အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ ၏ ဇူလိုင်လ ၁၄ ရက်နေ့က သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သတ္တုစစ်ဆေးရေး ဂိတ် ဆောင်ရွက်ခဲ့ခြင်း အပေါ် ဆန္ဒပြမှု ကိုလည်း ပြုလုပ် ခဲ့ကြသည်။

အစ္စရေး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပါကစ္စတန် နိုင်ငံသား များသည် အစ္စရေး ရဲတပ်ဖွဲ့ဝင် များကို ကျောက်ခဲ နှင့် ပုလင်း များဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ က မျက်ရည်ယို ဓာတ်ငွေ့ စသည် တို့ဖြင့် ပြန်လည် တုန့်ပြန် ခဲ့ရကြောင်းနှင့် တိုက်ခိုက်မှု အတွင်း အစ္စရေး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ လခြမ်းနီ အဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ ယင်းတိုက်ခိုက်မှု တွင် ပါကစ္စတန် နိုင်ငံသား ၄၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအတွင်းမှ ၃၆ ဦး ကို ဆေးရုံ သို့ ဆေးဝါး ကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ဇူလိုင်လ ၁၄ ရက်နေ့၌ အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် ၃ ဦး သည် Mount ဘုရားကျောင်း အပြင် တွင် သေနတ် ပစ်ခတ်မှု ကို ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက်တွင် အစ္စရေး နိုင်ငံ က Al-Aqsa ပလီ ကို ပိတ်သိမ်း ခဲ့ပြီး အစ္စလမ် ဘာသာဝင်များ လာရောက် ဝတ်ပြုရန် ကန့်သတ် ခဲ့သည်။ အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ က ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ Al-Aqsa ပလီ နှင့် Mount ဘုရားကျောင်း ကို ပြန်လည် ဖွင့်လှစ် ပေးခဲ့သော်လည်း အဝင်ဝ တွင် သတ္တု စစ်ဆေးရေး ဂိတ် နှင့် CCTV များကို တပ်ဆင် ခဲ့သည်။ အစ္စလမ် ဘာသာဝင် များက ၄င်းဆောင်ရွက်မှု အပေါ် လက်မခံ နိုင်ကြဘဲ ဆန္ဒပြမှု များ အကြိမ်ကြိမ် ပြုလုပ် ခဲ့ကြပြီး ယခု ကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဂျေရုဆလင် မြို့ဟောင်း ရှိ Mount ဘုရားကျောင်း သည် အစ္စလမ် ဘာသာ ဝင်တို့မှ "မြင့်မြတ်သည့် ကန့်သတ်မြေ" ဟု သတ်မှတ်ထားသည့် နေရာ ဖြစ်သည်။ ဂျူးဘာသာဝင် နှင့် အစ္စလမ် ဘာသာဝင် တို့ ၏ မြင့်မြတ်သည့် နေရာ အဖြစ် သတ်မှတ်ထားသော နေရာ တစ်ခု ဖြစ်ပြီး ကာလတစ်လျှောက် ပါကစ္စတန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည့် အဓိက နေရာ ဖြစ်သည်။ အစ္စရေး နိုင်ငံ က ၁၉၆၇ ခုနှစ် တွင် ဖြစ်ပွား ခဲ့သည့် တတိယ အကြိမ်မြောက် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် ဂျေရုဆလင် မြို့ဟောင်း တစ်ခု လုံး ကို ထိန်းချုပ်လိုက်သော်လည်း အစ္စရေး နိုင်ငံ နှင့် ဂျော်ဒန် နိုင်ငံ တို့ ချုပ်ဆိုခဲ့သည့် သဘောတူညီချက် အရ Mount ဘုရားကျောင်း သည် ဂျော်ဒန် နိုင်ငံ ၏ အုပ်ချုပ်မှု အောက်တွင် တည်ရှိပြီး လုံခြုံရေး ပိုင်းကို အစ္စရေး နိုင်ငံ မှ ထိန်းချုပ်ထားကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပါကစ္စတန် နိုင်ငံသား များ နှင့် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ တို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြရာ လူပေါင်း ၄၇ ဦး ဒဏ်ရာ ရရှိ ပါကစ္စတန် နိုင်ငံသား များ နှင့် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ တို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြရာ လူပေါင်း ၄၇ ဦး ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.