ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် တိုက်ပွဲဖြစ်ပွား

(မောင်တောဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားတစ်ဦး။ ဓာတ်ပုံ - မြင့်မြတ်ဖြူ/DMG)
ဇူလိုင် ၉ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေရွာအနီးတွင် ယနေ့ (ဇူလှိုင်လ ၉ ရက်) နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်ဘင်္ဂလီကုလားများ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးတစ်ဦးမှ အတည်ပြုပြောကြားသည်။

ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာနှင့် ကျောင်းတောင်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၀း၀၀ ခန့်က အကြမ်းဖက်ဘင်္ဂလီကုလားအဖွဲ့နှင့် တပ်မတော်မှ ခမရ ၅၅၂ တပ်ရင်းစစ်ကြောင်းတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ဘင်္ဂလီကုလားအဖွဲ့မှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ဘင်္ဂလီကုလားများ ထွက်ပြေးရာသို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံပိတ်ဆို့ ရှင်းလင်းနေကြောင်း ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

အကြမ်းဖက် ဘင်္ဂလီကုလားများသည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ဘင်္ဂလီကျေးရွာများရှိ ကျေးရွာသားများနှင့်ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေကြသည့်အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ ထိတ်လန့်နေကြရကြောင်း ဒေသခံများက ပြောသည်။

မြင့်မြတ်ဖြူ၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် တိုက်ပွဲဖြစ်ပွား ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.