တစ်ရွာတည်းသားချင်း အသံချဲ့စက် ဆူညံစွာ မဖွင့်ရန်ပြောဆိုရာမှ လူသတ်မှုဖြစ်ပွား


မကွေး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တင်ငုတ်ပြင် ကျေးရွာတွင် ဇူလိုင်လ ၈ ရက်နေ့ က တစ်ရွာ တည်းသားချင်းအသံချဲ့စက်ဆူညံ စွာမဖွင့်ရန်ပြောဆိုရာမှ ဓားထိုးလူ သတ်မှုဖြစ်ပွားခဲ့ကြောင်း ရေပြာ နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဦးကြည်စိုး(၅၉နှစ်) တင်ငုတ်ပြင်ကျေးရွာနေသူသည် ယမန်နေ့ မွန်းလွဲ ၁နာရီက နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူမသန်းမြင့် ရောက်ရှိလာပြီး ၄င်း၏ခင်ပွန်းဖြစ် သူ မောင်ဌေး(၃၈နှစ်) ဓားထိုးခံရ ကြောင်း လာရောက်ပြောပြသဖြင့် ၄င်းနှင့်အတူလိုက်သွားပြီး ရေပြာ ဆေးရုံသို့ကားဖြင့်ပို့ဆောင်စဉ် လမ်း၌ဖြစ်စဉ်အား ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင်လှိုင်ထံ မေးမြန်းခဲ့ရာ မောင်ဌေးက တစ်ရွာတည်းနေ ဖြူချော(၁၇နှစ်) တက္ကသိုလ်ဝင်တန်းကျောင်းသားအား အသံချဲ့စက် ဆူညံစွာမဖွင့်ရန်ပြောဆိုရာမှ စကားများကြပြီး မောင်ဌေးက နေအိမ်သို့ ပြန်လာစဉ် ဖြူချောနေအိမ်နှင့်တစ်အိမ်ကျော်မှ ဦးအေးပွင့်၏ နေအိမ် ရှေ့အရောက်၌ ဖြူချောက မောင်ဌေးအား အရိုးအသွား ရှစ်လက်မ၊ ဗြက်တစ်လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးရာ မောင်ဌေးတွင် ဝဲရင်အုံထိုး သွင်းဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရပြီး မောင်ဌေးမှာ ဒဏ်ရာမသက်သာ သဖြင့် ရေပြာဆေးရုံမှ ပေါက်မြို့ ပြည်သူ့ဆေးရုံ၌ ပြောင်းလဲဆေးကုသမှုခံယူစဉ် ရရှိသောဒဏ်ရာဖြင့် ယမန်နေ့ညနေ ၆ နာရီခွဲက သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တရားလို ၏တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ ဖြူချောအား အရေးယူပေး ရန် ဦးကြည်စိုးက တရားလိုပြုတိုင်ကြားခဲ့၍ ပေါက်မြို့နယ် ရေပြာ နယ်မြေရဲစခန်းက (ပ)၆ဝ/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်ထားသည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net
တစ်ရွာတည်းသားချင်း အသံချဲ့စက် ဆူညံစွာ မဖွင့်ရန်ပြောဆိုရာမှ လူသတ်မှုဖြစ်ပွား တစ်ရွာတည်းသားချင်း အသံချဲ့စက် ဆူညံစွာ မဖွင့်ရန်ပြောဆိုရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.