ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ရပ်ထားသည့်ယာဉ်(၄)စီး ဝင်တိုက်ခံရ


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ် (၁၄၃)မိုင်အနီး လမ်းဘေးချရပ်ထားတဲ့ ကုန်တင်ယာဉ်(၄)စီးဟာ ကုန်တင်ကား တစ်စီးရဲ့ဝင်တိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။


 ဇူလိုင်လ(၂၈)ရက်နံနက်(၅)နာရီခွဲခန့်က အခင်းဖြစ်မိုင်တိုင်မှာ မြောက်က တောင်ကို မောင်းနှင်လာတဲ့(၂၂) ဘီးယာဉ်ဟာ တစ်ဖက် ယာဉ်ကြောလမ်းရဲ့ဘေးမှာ ညအိပ်ရပ်နားထားတဲ့ အဝါရောင်(၆)ဘီးယာဉ်၊ အဖြူရောင်(၆)ဘီး ယာဉ်၊ အစိမ်းရောင်(၂၂)ဘီး ဆီဘောက်ဆာယာဉ်နဲ့ အပြာရောင်(၆)ဘီးယာဉ်တို့ကို ဝင်ရောက် တိုက်မိခဲ့တာဖြစ်ပြီး အဲဒီယာဉ်တိုက်မှုကြောင့် ယာဉ်တွေထိခိုက်ပျက်စီးခဲ့ရကာ ခန့်မှန်းကာလ တန်ဖိုးစုစုပေါင်း ငွေကျပ်သိန်း(၉၀)ကျော်ဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့ရပြီး လူတွေကတော့ ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့သိရပါ တယ်။
 "ကားတွေကလမ်းဘေးချရပ်ပြီး ကားသမားတွေက တည်းခိုခန်းတွေ အိပ်နေကြတာပါ၊ အဲအချိန်မှာ ခုဝင်တိုက်မိတဲ့ကားမောင်းသူက မောင်းလာရင်းအိပ်ငိုက်ပြီး ဝင်တိုက်မိတာပါ၊ လူထိခိုက်ဒဏ်ရာမရပါဘူး၊ ယာဉ်တွေတော့ ထိခိုက်ပျက်စီးမှုရှိပါတယ်၊ လက်ရှိဝင်တိုက်မိသူကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်" လို့ ဖြူးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။


 ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝင်ရောက်တိုက်မိအောင် မောင်းနှင်သူ ယာဉ်မောင်းကို ဖြူးမြို့မရဲစခန်းက ယာဉ်(ပ)၃၉/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ရပ်ထားသည့်ယာဉ်(၄)စီး ဝင်တိုက်ခံရ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ရပ်ထားသည့်ယာဉ်(၄)စီး ဝင်တိုက်ခံရ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.