ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီးတွင်​ လိုက်​ထရပ်​ယာဉ်​တိမ်း​မှောက်​ တစ်​ဦး​သေ၊ ၁၀ ဦးဒဏ်​ရာရရှိ


နေပြည်​​တော်​၊ ဇူလိုင်​ ၁၃

ရန်​ကုန်​ -မန္တ​လေးအမြန်​လမ်းမကြီး၏မိုင်​တိုင်​အမှတ်​ ၁၆/၄ နှင့်​၁၆/၅ အကြား ​နေပြည်​​တော်​ဘက်​မှရန်​ကုန်​ဘက်​သို့ဘက်​သို့ ယာဉ်​​မောင်း ဦး​​အောင်​ငြိမ်းကြွယ်​ မောင်းနှင်​လာ​သော လိုက်​ထရပ်​ယာဉ်​မှာ ဇူလိုင်လ ၁၃ရက် ယ​နေ့ နံနက်​ ၁၁ နာရီခွဲက ၀ဲဘက်​​ရှေ့ဘီး​ပေါက်​ပြီး အရှိန်​မထိမ်းနိုင်​ဘဲတိမ်း​မှောက်​မှုဖြစ်​ပွားခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ လိုက်​ထရပ်​ယာဉ်​​ပေါ်တွင်​ယာဉ်​​မောင်းနှင့်​သံဃာတစ်​ဦးအပါ ၁၁ ဦးအနက်​ အမျိုးသမီးတစ်​ဦး ​သေဆုံးပြီး ၁၀ ဦး ဒဏ်​ရာရရှိခဲ့သည်​။ဒဏ်​ရာရရှိသူများနှင့်​​သေဆုံးသူအ​လောင်းအားအမှတ်​ ၃ အမြန်​လမ်း ရဲတပ်​ဖွဲ့ပိုင်​ယာဉ်​ဖြင့်​ လှည်းကူး​​ဆေးရုံ သို့ပို​ဆောင်​​ပေးခဲ့ရ​ကြောင်းသိရသည်​။

သို့ပါ၍ယာကို မဆင်​မခြင်​​မောင်းနှင်​သူ ယာဉ်​​မောင်းအားသက်​ဆိုင်​ရာကရာဇသတ်​ကြီးပုဒ်​မ ၃၀၄(က)/၃၃၇/၃၃၈ အရ အမှုဖွင့်​အ​ရေးယူထား​ကြောင်းသိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ-အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (FB)
ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီးတွင်​ လိုက်​ထရပ်​ယာဉ်​တိမ်း​မှောက်​ တစ်​ဦး​သေ၊ ၁၀ ဦးဒဏ်​ရာရရှိ ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီးတွင်​ လိုက်​ထရပ်​ယာဉ်​တိမ်း​မှောက်​ တစ်​ဦး​သေ၊ ၁၀ ဦးဒဏ်​ရာရရှိ Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.