လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၆/၂ဝ၁၇
၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်
(၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် နှင့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းတို့ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ(င) နှင့်ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆ ၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အောက်ဖော်ပြပါ အရာရှိကြီးများကို ယှဉ်တွဲပါ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင် ကရင်ပြည်နယ်အစိုးရအဖွဲ့
(၂) ဗိုလ်မှူးကြီး အောင်စိုးမိုး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
https://www.facebook.com/MOIWebportalMyanmar/
ကရင်နှင့်ရန်ကုန် နယ်လုံဝန်ကြီး ခန့် အပ်
Reviewed by THITHTOOLWIN
on
07:44
Rating:
