မူဆယ်သွားကားလမ်းတွင် ခြောက်ဘီးယာဉ်နှင့် တွဲယာဉ်တို့တိုက်မိ၊ တစ်ဦးသေဆုံး


သီပေါ ဇူလိုင် ၁၅

သီပေါမြို့နယ် ဆွတ်လန်းကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်(၂၃၄/၃)နှင့် (၂၃၄/၄) ကြား၌ ဇူလိုင်လ ၁၅ရက်နေ့  နံနက် ၆ နာရီခွဲက မန္တလေးမှ လားရှိုးသို့ ကုန်စည်များတင်ဆောင်၍ ယာဉ်မောင်း မြစိုး(ခ)ခင်တိုးတိုး မောင်းနှင် လာသော ခြောက်ဘီးယာဉ်သည် ဆွတ်လန်း ကျေးရွာအရောက် ယာဉ်နောက်လိုက်ဖြစ်သူ က အိပ်ငိုက်ကာ ယာဉ်မောင်းဘက်သို့ ခန္ဓာကိုယ် လဲကျလာရာမှ ကားလက်ကိုင်ခွေအား ပြန်လည်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်း ကိုဝင်းသူရ မောင်းနှင် သော ၂၂ ဘီးတွဲယာဉ်၏နောက်တွဲ ရှေ့ထောင့် အစွန်းအား ဝင်ရောက်တိုက်မိခဲ့သည်။

ဖြစ်စဉ်ကြောင့် ခြောက်ဘီးယာဉ်မှာ ဝဲဘက်ဦးခေါင်းပိုင်း ကျေမွပျက်စီးသွားခဲ့ပြီး ယာဉ်နောက်လိုက် စိုင်းပိုင်စိုးမှာ ကားဦးခေါင်း ပိုင်းအတွင်း ညပ်မိ၍ နေရာ၌ပင် သေဆုံးသွား ခဲ့သည်။

စိုင်း(သီပေါ)

The Mirror Daily
https://www.facebook.com/TheMirrorDaily

မူဆယ်သွားကားလမ်းတွင် ခြောက်ဘီးယာဉ်နှင့် တွဲယာဉ်တို့တိုက်မိ၊ တစ်ဦးသေဆုံး မူဆယ်သွားကားလမ်းတွင် ခြောက်ဘီးယာဉ်နှင့် တွဲယာဉ်တို့တိုက်မိ၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.