ကျောက်ဆည်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်နှင့် နေအိမ်များ မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း(၁၄၀၀) ကျော်ဖိုး ဆုံးရှုံး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဇူလိုင် ၂၂ ရက်၊ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ငွေကျပ်သိန်းပေါင်း(၁၄၀၀)ကျော်ဖိုး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ကျောက် ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်၊ အေးမြကြည်လင်ရပ်ကွက်ရှိ လှကျော်(ခ)အရှည်ကြီး၏ အောင်သုခ ဆိုင်ကယ် အရောင်းဆိုင်မှ နံနက်(၁)နာရီခန့်တွင် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှတဆင့် နေအိမ်ထရံသို့ မီးကူး စက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မီးလောင်မှုကြောင့် ဆိုင်ကယ်အရောင်းပြခန်းမှ ဆိုင်ကယ်(၂၄၀)စီး၊ သွပ်မိုးထရံကာ ကွန်ကရစ်ခင်းဆိုင် ခန်း(၁)ခန်း၊ သွပ်မိုး၊ ထရံကာ ပရိဘောဂဆိုင်ခန်း(၁)ခန်း၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်(၁)လုံး၊ ထရံ ကာ၊ ကွန်ကရစ်ခင်းနေအိမ်(၁)လုံး၊ ဘိလိယက်ခုံ(၂)လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၄၆၂၅၅၀၀၀)ဖိုး မီးလောင် ပျက်စီးခဲ့ကြောင်း ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါမီးလောင်မှုကြောင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၃)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မီးပေါ့ဆစွာသုံးစွဲသည့် လှကျော်(ခ)အရှည်ကြီးအား ကျောက်ဆည်မြို့မရဲစခန်းတွင် (ပ)၅၇၇/၂၀၁၇၊ မီးလောင်မှုပုဒ်မ ၂၈၅ အရ အမှု ဖွင့်အရေးယူထားကြောင်းသိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကျောက်ဆည်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်နှင့် နေအိမ်များ မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း(၁၄၀၀) ကျော်ဖိုး ဆုံးရှုံး
Reviewed by THITHTOOLWIN
on
16:20
Rating:
