မြစ်မခမြစ်ရေ တိုးဝင်လာမူကြောင့် မြေသားတာလမ်းကျိုးပေါက်


သာယာဝတီ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အိပ်လဟာကျေးရွာအုပ်စု ၌ဇူလိုင်၂၁ရက်နံနက် ၁ နာရီခွဲခန့်က စံရွေး-ဇွယ်ငူ ဆက်သွယ်ထားသော ( ညောင်သာယာ-ဆင်လမ်းတာ) အမြင့် (၁၅)ပေ အကျယ် (၁၅)ပေခန့် အရှည် (၂၇)မိုင်ခန့်ရှိ မြေသားတာလမ်းမှာ မြစ်မခမြစ်ရေ တိုးဝင်လာမူကြောင့် မိုင်တိုင်(၂၂)မိုင် (၇)ဖာလုံနှင့်(၂၃)မိုင်ကြား အိပ်လဟာကျေးရွာအနီး အိပ်လဟာရွာနှင့် ညောင်သာယာရွာအကြား ပေ( ၇၀)ခန့် ကျိုးပေါက်ပျက်စီးခြင်းဖြစ်ပွားခဲ့သည်။


အဆိုပါဖြစ်ပွားရာနေရာသို့ သာယာဝတီမြို့နယ် ခေတ္တမြို့နယ်ရဲမှူး ဒုရဲမှူး လှိုင်ဝင်းဦး ဦးဆောင်၍ရဲတပ်ဖွဲ့ဝင်များက အနီးအနားကျေးရွာများရှိ ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အတွက်ရပ်ကျေးအဖွဲ့များနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တာကျိုးပေါက်မူကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမူမရှိကြောင်း သိရသည်။

သန့်ဇော်( ပြန်/ဆက်)သာယာဝတီ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြစ်မခမြစ်ရေ တိုးဝင်လာမူကြောင့် မြေသားတာလမ်းကျိုးပေါက် မြစ်မခမြစ်ရေ တိုးဝင်လာမူကြောင့် မြေသားတာလမ်းကျိုးပေါက် Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.