ထောက်ကြန့်မြို့ လူသတ်မှု ကျူးလွန်သူများ ဖမ်းမိ

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၂၅

ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် ၃ နာရီခန့်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊
ထောက်ကြန့်၊ ဈေးပိုင်းရပ်ကွက်၊ မြရတုလမ်းရှိ ဘုန်းတော်ကြီးကျောင်း
ဝင်းအတွင်း၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း
သတင်းအရ ထောက်ကြန့်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်
စစ်ဆေးခဲ့ပါသည်။

 အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းရှိ မြက်တောထဲတွင်
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နေ ဖြိုးသူဝင်း၊ အသက်(၃၀)နှစ်ခန့်
မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာလက်ပြင်ထိုးသွင်း
ဒဏ်ရာ ၁ ချက်၊ ၀ဲပါးပြင်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲခြေခုံပြတ်ရှဒဏ်ရာ
၁ ချက်၊ ယာလက်ခုံပြတ်ရှဒဏ်ရာ ၁ ချက်၊ ကျောလယ်ထိုးသွင်းဒဏ်ရာ
၁ ချက်၊ ယာရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးနေသည်
ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၇၀၃/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို
ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်အား ရဲတပ်ဖွဲ့ဝင်များက အသေးစိတ်
စစ်ဆေးခဲ့ပြီး အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်းချက်အရ ဇူလိုင်လ ၂၃
ရက်နေ့ ညဥ့်ဦးပိုင်းအချိန်တွင် သေဆုံးသူ ဖြိုးသူဝင်းနှင့် ကိုကိုလေး(ခ)
သီဟကိုကို၊ ငြိမ်းချမ်းတို့သုံးဦးအတူ ဘုန်းတော်ကြီးကျောင်းရှေ့ ကွမ်းယာ
ဆိုင်ပေါ်တွင် အရက်အတူသောက်ခဲ့ကြကြောင်း၊ ၎င်းနောက် သောက်စား
ရင် စကားများကြရာမှ ဖြိုးသူဝင်းမှ ကိုကိုလေး(ခ)သီဟကိုကိုအား ပါးရိုက်
ခဲ့ကြောင်း၊ ထို့နောက် ကိုကိုလေး(ခ)သီဟကိုကိုနှင့် ငြိမ်းချမ်းတို့မှ ပြန်ထွက်
သွားကြပြီး ခဏအကြာ ၎င်း၏အစ်ကိုဖြစ်သူ ကိုကိုကြီး(ခ)ချမ်းမြေ့အောင်
နှင့်အတူရောက်ရှိလာသည်ကိုတွေ့ရကြောင်း၊ ၎င်းနောက် သေဆုံးသူ
ဖြိုးသူဝင်းမှာ မြရတုလမ်းအတိုင်း ထွက်ပြေးသွားသည်ကိုတွေ့မြင်ရ
ကြောင်း သိရှိခဲ့ရပါသည်။

စုံစမ်းတွေ့ရှိချက်အရ အမှုဖြင့်မသင်္ကာသူ ကိုကိုလေး(ခ)သီဟကိုကို
ပါ(၃)ဦးတို့အား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ထောက်ကြန့်နယ်မြေ
ရဲစခန်းမှ တပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရာ အခင်းဖြစ်နေ့ ည ၁၀နာရီ
ခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေသူများဖြစ်ကြသည့်
ချမ်းမြေ့အောင်(ခ)ကိုကိုကြီး၊ (၂၂)နှစ်၊ ကိုကိုလေး(ခ)သီဟကိုကို၊
(၁၈)နှစ်နှင့် ငြိမ်းချမ်းကျော်(ခ)ငြိမ်းချမ်း(ခ)ငုံးဥ၊ (၁၉)နှစ်တို့သုံးဦးကို
အနောက်ပိုင်းခရိုင်၊ ဆိပ်ကမ်းမြို့နယ်၊ ၀ါးတန်းဆိပ်ကမ်းမှ ဖမ်းဆီးရမိ
ခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း
နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ဓားတို့အား အပ်နှံပေးသဖြင့်
၎င်းတို့(၃)ဦးအား အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ထောက်ကြန့်မြို့ လူသတ်မှု ကျူးလွန်သူများ ဖမ်းမိ  ထောက်ကြန့်မြို့ လူသတ်မှု ကျူးလွန်သူများ ဖမ်းမိ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.