မန္တလေးတိုင်းဒေသကြီးတွင် မြစ်ရေ၀င်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၇၈ ကျောင်း ယာယီပိတ်ထား


မန္တလေး ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ၀င်ရောက်မှုကြောင့် ဇူလိုင် ၁၈ ရက်နေ့အထိ အခြေခံပညာ ကျောင်းပေါင်း ၇၈ ကျောင်းကို ယာယီပိတ်ထားရကြောင်း မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး(စီမံ)ဦးခင်မောင်မြင့်က ပြောကြားသည်။

““ကျွန်တော်တို့ တိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ မြစ်ရေ၀င်လို့ ကျောင်းပိတ်ထားရရင် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးတွေကို အသိပေးအကြောင်းကြားရပါတယ်။ လက်ရှိ စာရင်းတွေအရ ကျောင်းပေါင်း ၇၈ ကျောင်းပိတ်ထားရပေမယ့် ဇူလိုင် ၁၇ ရက်နေ့မှာ ၁၂ ကျောင်းက ပြန်ဖွင့်နေပါပြီ။””ဟု ၎င်းင်းက ပြောသည်။

အဆိုပါယာယီပိတ်ထားသည့် ကျောင်းများအနေဖြင့် ရေကျ၍ပြန်လည် ဖွင့်လှစ်သည့်အချိန်တွင် ပိတ်ထားခဲ့သည့် အချိန်များအတွက် အဖိတ်နှင့် ဥပုပ်နေ့များတွင် အစားထိုးဖွင့်လှစ်၍ ပြန်လည်သင်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမြစ်တက်မှုကြောင့် မတ္တရာမြို့နယ်တွင် ကျောင်းပေါင်း ၂၀ ရေများဝင်ရောက်နေသော်လည်း ကျောင်းပိတ် ထားခြင်းမရှိဘဲ နေ့စဉ်သင်ကြားလျက်ရှိကြောင်း မတ္တရာမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

““ကျွန်တော်တို့စီမှာ ရပ်ကွက်တွေ၊ ကျောင်းတွေမှာ ရေ၀င်နေပေမယ့် မိဘတွေက ဆရာ၊ ဆရာမတွေရော ကလေးတွေကိုပါ စုပြီး လှေတွေနဲ့ လိုက်ပို့ပေးတဲ့အတွက် ကျောင်းမပိတ်ဘဲ စာဆက်လက်သင်ယူနေ ပါတယ်။””ဟု ၎င်းင်းက ပြောသည်။

လက်ရှိပိတ်ထားရသည့်ကျောင်းများအနက် မြင်းခြံမြို့နယ်တွင် အများဆုံးဖြစ်ပြီး စဥ့်ကူး၊ ညောင်ဦး၊ တောင်သာ၊ တံတားဦး၊ ငါးဇွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူုးရုံးစာရင်းများအရ သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မန္တလေးတိုင်းဒေသကြီးတွင် မြစ်ရေ၀င်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၇၈ ကျောင်း ယာယီပိတ်ထား မန္တလေးတိုင်းဒေသကြီးတွင် မြစ်ရေ၀င်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၇၈ ကျောင်း ယာယီပိတ်ထား Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.