မယားပါသမီးအား အဓမ္မပြုကျင့်ရန် ဆောင်ရွက် သူအား ဖမ်းဆီးအရေးယူ


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့် တွင် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့  နယ် ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာနေ ဒေါ်တင်တင်ဝင်းသည် နေအိမ်မှပင်လယ်ပြင်သို့ ခရုကောက်ရန်ထွက်ခွာ သွားစဉ် နေအိမ်၌ တတိယယောက်ကျားဖြစ်သူ စောလယ်ထူး (၃၉)နှစ် (ဘ)ဦးမောင်၊ ပထမအိမ်ထောင်နှင့်ရသောသမီး မ----- နှင့် ဒုတိယအိမ်ထောင်နှင့်ရသော သား ပြည့်စုံဦး၊ သမီးဇင်မျိုးမြင့် တို့ နေအိမ်တွင်ကျန်နေခဲ့ကြောင်း သိသည်။

အဆိုပါနေ့  ညနေ ၄ နာရီ အချိန်ခန့် နှင့် ၅ နာရီ အချိန်ခန့်တို့တွင် စောလယ်ထူး မှသမီးဖြစ်သူ မ ------ ၏ အိပ်ခန်းအ တွင်းဝင်ရောက်ကာ သားမယားအဖြစ် ပြုကျင့်ရန် နှစ်ကြိမ်ခန့် ဆောင်ရွက်ခဲ့သဖြင့် နေအိမ်အပြင်ဘက် ဘုန်းကြီးကျောင်းအနီး ထွက်ပြေးကာ ထိုင်နေစဉ် စောလယ်ထူး သည်နောက်မှ လိုက်လာပြီး မ ------- အား လည်ပင်းညှစ်၍ လက်သီးဖြင့် ထပ်မံထိုးခဲ့ကြောင်းသမီးဖြစ်သူမှ ပြောပြသိရှိရသည်။

 ဒေါ်တင်တင်ဝင်းမှ ၎င်း၏သမီးဖြစ်သူ မ ------- အား သားမယားအဖြစ် ပြုကျင့်ရန် ဆောင်ရွက်ခဲ့သူ စောလယ်ထူး အား အရေးယူပေးနိုင်ပါရန် တိုင်တန်းချက်အရ ကော့သောင်းရဲစခန်း (ပ)၁၁၃၂ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ /၃၂၃ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျုး လွန်သူ စောလယ်ထူး အားလည်း အမှုဖြင့် ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။

Aung Zaw Min Tun
မယားပါသမီးအား အဓမ္မပြုကျင့်ရန် ဆောင်ရွက် သူအား ဖမ်းဆီးအရေးယူ မယားပါသမီးအား အဓမ္မပြုကျင့်ရန် ဆောင်ရွက် သူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.