ဇူလိုင် ၉ ၊ ၂၀၁၇
မောင်တောမြို့နယ်တပ်ဦးချောင်းကျေးရွာအုပ်စု နိုရုလ္လာ ကျေးရွာ၌ အကြမ်းဖက်အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၈ ရက် နံနက် ၄နာရီခွဲတွင်ဝင်ရောက်စစ်ဆေးခဲ့ရာ ရှားအာလောင် ၃၀ နှစ် ပါ အကြမ်းဖက်အဖွဲ့ဝင် မသင်္ကာ တရားခံ ၈ ဦး တို့အားဖမ်းဆီးရမိသည်။
ထို့အပြင် ဇွန် ၂၄ ရက် နံနက် ၂ နာရီ ၁၅ မိနစ် က ခေါင်းတကာရွာ ရာအိမ်မှူးအဘူဟာရှိမ်း ကို ဓားဖြင့်ခုတ်၍သတ်ခဲ့သည့် အမှုမှ မသင်္ကာတရားခံ ခေါင်းတကာရွာနေ မာမတ်အိနု ၃၀ နှစ် နှင့် နိုရုလ္လာကျေးရွာနေ BD ပြေး ( လက်ရှိဆော်ဒီနိုင်ငံနေသူ ) ရာရာခန်း ၃၉ နှစ် တို့၂ ဦးအားထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ၁၀ ဦး အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အကြမ်းဖက်အဖွဲ့ဝင် မသင်္ကာတရားခံ ၈ ဦးနှင့် ရာအိမ်မှူးသတ်သည့် မသင်္ကာတရားခံ နှစ်ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
08:43
Rating:
