မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုထောင်တစ်ခုအား မူးယစ်ဆေးဝါးဆက်စပ်သတင်းအရ ဇူလိုင်လ ၅ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်က သက်ဆိုင်ရာ မူးယစ်အဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲ ၁ မှ ဒုရဲမှူးကြီးကျော်ဆန်း ဦးစီးသည့် တပ်ဖွဲ့စု ၁၈ ရဲမှူးကိုကိုလေး၊ ဒုရဲမှူး လှရွှေ၊ တပ်ဖွဲ့စု ၁၇ မှ ရဲမှူး စိုင်းသိန်းဇော် တို့နှင့်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ သက်သေများ ပူးပေါင်းပါဝင်သောအဖွဲ့သည် မူးယစ်တရားခံ ကျော်ဝင်း(ခ) လျိုရုန်းချမ်း၊ ၅၂နှစ်၊(ဘ)ဦးလီအံဝမ်၊ တရုတ်/လီဆူး၊ ကချင်/ဗုဒ္ဓ၏ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်၊ ၅၈လမ်းနှင့် ဗညားဒလလမ်းထောင့်၊ ညည-၁၄(၇၂/၅၅-က၊ ခ)နေအိမ်သို့ နေအိမ်ရှာဖွေခွင့်ဝရမ်းနှင့်အတူ ဝင်ရောက်ရှာဖွေရာ ဆက်စပ်ဖော်ထုတ်ချက်အရ ၎င်းအိမ်ရှိ အိမ်စောင့်လုပ်ကိုင်နေသူ အောင်မင်းထွန်းအား ခေါ်ယူ၍ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၀(ဘီ)လမ်း၊ မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းကြား၊ ညည(၂/၇၅)ရှိ ကျော်ဝင်း (ခ) လျိုရုန်းချမ်းပိုင် ဂိုထောင်အား ထပ်မံဝင်ရောက်စစ်ဆေးရာ ဂိုထောင်မှာ သော့ပိတ်လျက် တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သော့ဖျက်ဝင်ရောက်ရှာဖွေကြသည်။
ထိုသို့ရှာဖွေရာတွင် ယာဉ်အမှတ် 5E/5777 ပါ LINCOLN NAVIGATOR STATION WAGON (4X4) အမျိုးအစားအနက်ရောင် ကား ၁ စီး၊ ယာဉ်အမှတ် 7K/7582 ပါ TOYOTA HIACE မီနီဘက်စ် အဖြူရောင်ကား ၁ စီး၊ ၄င်းကားပေါ်မှ အ၀ါရောင် ဆာလာအိတ်ဖြင့်ထည့်ထားသည့် 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ (၁၉)ထုပ်၊ စုစုပေါင်း ဆေးပြား (၁၁၄၀၀၀)ပြား၊ အလေးချိန် (၁၁.၄) ကီလိုဂရမ်၊ Spare Wheel ၂ လုံးအတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ (၇၅)ထုပ်၊ စုစုပေါင်းဆေးပြား (၄၅၀၀၀၀) ပြား၊ အလေးချိန် (၄၅)ကီလိုဂရမ်၊ ယာဉ်အမှတ် 2E/4168 TOYOTA HILUX SURF အမျိုးအစား အဖြူရောင် ကား ၁ စီးနှင့် ၄င်းကားပေါ်ရှိ Spare Wheel အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀) ပြားစီပါ (၄၂)ထုပ်၊ (၂၀၀၀)ပြားစီပါ (၂)ထုပ်၊ စုစုပေါင်းဆေးပြား (၂၅၆၀၀၀)ပြား၊ အလေးချိန် (၂၅.၆) ကီလိုဂရမ် တို့ကို ကနဦးဖမ်းဆီးရမိသည်။
၎င်းနောက် ပူးပေါင်းအဖွဲ့သည် ညည (၁၄/၅၅)ရှိ ကျော်ဝင်း၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ ယာဉ်အမှတ် 2L/3059 နံပါတ်ပါ
CHEVROLET SPARK HATCH BACK အမျိုးအစား အနီရောင်အိမ်စီးကား ၁ စီး၊ ယာဉ်အမှတ် 4N/5777 နံပါတ်ပါ CHEVROLET SPARK HATCH BACK အမျိုးအစားအနက်ရောင်အိမ်စီးကား ၁ စီး၊ သော့ပိတ်ထားသည့် မီးခံသေတ္တာနှစ်လုံးအတွင်းမှ မြန်မာငွေစက္ကူ ကျပ်သိန်း ၃၆၀၊ အလေးချိန် ၁၀ ကျပ်သားရှိ ရွှေတုံး ၁၂ တုံး၊ ရွှေလက်ကိုင်အိတ် ၁ လုံး၊ ဆွဲကြိုး၊ လက်စွပ်၊ ဆွဲသီး၊ နားကပ်၊ လက်ကောက်၊ စိန်လက်ကောက် ရွှေထည်မျိုးစုံ (ပန်းထိမ်မှတ်ကျောက်တင်စိစစ်ဆဲ)တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် သိမ်းဆည်းရမိသည့် မော်တော်ယာဉ် ၅ စီးအား မူးယစ်တပ်စု ၁၈သို့ ယူဆောင်ပြီး ကျွမ်းကျင်ဝပ်ရှော့ဆရာများ၏ အကူအညီဖြင့် အသေးစိတ် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ်အမှတ် 2E/4168 TOTOTA HILUX SURF ကားကြမ်းခင်း ဆီတိုင်ကီတွင် အံဝှက်ပြုလုပ်၍ ထည့်ထားည့် 88/1 စာတမ်းပါ ပန်း ရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ (၇၄)ထုပ်၊ စုစုပေါင်းဆေးပြား (၄၄၄၀၀၀)ပြား၊ အလေးချိန် (၄၄.၄)ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၂၆၄၀၀၀)ပြား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်ဝင်း(ခ)လျိုရုန်းချမ်း၊ ၎င်း၏ ဇနီးဖြစ်သူ မဖူးဝေခိုင်၊ အစောင့်ဖြစ်သူ အောင်မင်းထွန်းတို့ကို အရေးယူပေးရန် ဇူလိုင်လ ၆ရက်နေ့ နံနက် ၀၁၄၀ချိန်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ မူးယစ်တပ်ဖွဲ့စု ၁၈ မှ ရဲအုပ် အောင်ဇော်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်း မယ(ပ)၃၅၊ မူးစိတ်ပုဒ်မ- ၁၅/၁၉(က) /၂၀(က) / ၂၁ဖြင့် အမှုဖွင့် အရေးယူထားရှိပြီး ဖမ်းဆီးရမိထားသူများကို လိုအပ်သော စစ်ဆေးမှုများ
ဆောင်ရွက်၍ အမှုမှ ကွင်းဆက်တရားခံများ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ပြည်ကြီးတံခွန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂) သိန်းကျော် ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
16:17
Rating:
